အခန်း ၉

867 193 4
                                    

[Unicode]

အနောက်ယုန်အန်းတောင်တန်းများပေါ်သို့ မိုကြိုးသွားများက တစ်ခုပြီးတစ်ခု ကျရောက်လျက်ရှိသည်။ မိုးကြိုးသွားအနည်းငယ်က ပုံမှန်မဟုတ်သော ဖြစ်ရပ်များ ထိန်းချုပ်ရေးဌာနချုပ်၏ အဆောက်ဦးပေါ်သို့  တိုက်ရိုက်ထိမှန်ပြီး မိုးကြိုးလွှဲများနှင့် မိုးကြိုးလွှဲအစီရင်များကြောင့် ပျောက်ကွယ်သွားရသည်။ ပြတင်းပေါက်အပြင်ဖက်တွင်မူ မိုးခြိမ်းသံများနှင့် အဖြူရောင် ဝိုးတဝါးပုံရိပ်များ ရှိနသည်။ ငြီးငွေ့ဖွယ်ရာ ဟိန်းသံတစ်ခုက အဝင်ခန်းမထဲသို့ ပဲ့တင်သံထပ်လာ၏။ ကြမ်းပြင်များပင် အနည်းငယ် လှုပ်ခတ်သွားသယောင်။ ထို့နောက် အလွန်ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ပေါ်ထွက်လာသည်။ အချိန်ကြာကြီး ချုပ်တည်းထားရ၍ စိတ်တိုနေသည့် ငိုသံအလား။

အဝင်ပေါက်တွင် လဲလျောင်းနေသော ကြိုဆိုရေးရွှေရောင်နဂါးသည် လန့်ဖြတ်သွားကာ ထောင့်နားသို့ ကူးခတ်သွား၏။ နံရံပေါ်တွင် မလှုပ်မယှက် တွယ်ကပ်နေသော အိမ်မြှောင်ကြီးနှယ်။

ဘာဖြစ်တာလဲ။ ရုတ်တရက်ကြီး မိုးကြိုးမုန်တိုင်းဖြစ်တာလား

အနောက်တောင်တန်းအောက်ခြေမှာ မိုးကြိုးဆန့်ကျင်အစီရင် ရှိတယ်။ မဖြစ်သင့်....

ခဏလေး၊ အဲဒါ ဘာ...ဘာကြီးလဲ

မျက်စိစူးဖွယ်ရာ မိုးကြိုးသွား နောက်တစ်ခု၊ အလင်းဖြတ်သွားသောအခါ အဆောက်ဦးအတွင်းရှိ အရာအားလုံးနှင့် လူအားလုံးသည် ထင်ရှားသော ပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။ အားလုံးက ထိုအလင်းစူးစူးကို အသားကျသွားချိန်တွင် တစ်စုံတစ်ခုက နံရံပေါ်တွင် ရွေ့လျားနေကြောင်း သတိထားမိသွားသည်။

သွေး...အဲဒါ သွေးတွေလား

သွေးနှင့်တူသည့် ခပ်ပျစ်ပျစ်အရည်များက နံရံတစ်လျှောက် စီးကျလာသည်။ ၎င်း၏ ထိတ်လန့်ဖွယ်ရာ စီးကြောင်းကြီးက ပုံစံတစ်မျိုးမျိုးကို ပုံဖော်နေဟန်...မဟုတ်သေး စာလုံးများဆိုလျှင် ပိုမှန်လိမ့်မည်။ ထိုသွေးစွန်းနေသော စာလုံးများက နေရာအနှံ့ ပြန့်ကျဲနေပြီး အပုပ်နံများကလည်း ထွက်ပေါ်လျက်ရှိသည်။ တစ်စုံတစ်ယောက်က ရေရွတ်လိုက်၏။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now