အခန်း ၅ (အပိုင်း ၁)

1.2K 224 2
                                    

[Unicode]

"အတင်းအနှိုးခံရသည်" ၊ "မြေအောက်အခေါင်းထဲမှ ထွက်လာသည်" ၊ "ရှေးဟောင်းဘာသာစကားများ ပြောဆိုသည်" အစရှိသော အကြောင်းအရာများသည် နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော အလောင်းကောင် နိုးထလာခြင်းပုံပြင်နှင့် ဆင်တူသော်ငြား "လူသေနိုးထလာခြင်း"သည် တကယ်တမ်းတွင် ကြောက်စရာမကောင်းပေ။ သေခြင်းတရားသည် မီးငြိမ်းသွားသော မီးအိမ်နှင့် ဆင်တူသောကြောင့် "အလောင်းကောင်မွမ်းမံခြင်း"၊ "အလောင်းကောင် လမ်းထလျှောက်ခြင်း" နိယာမများသည် ရုပ်သေးရုပ်၏ စည်းမျဉ်းများနှင့် အတူတူပင်ဖြစ်သည်။ အလောင်းကောင်၏ လှုပ်ရှားမှုများကို ပြင်ပကြိုးကိုင်ခြယ်လှယ်မှုဖြင့် ထိန်းချုပ်ရခြင်းဖြစ်ပြီး အာရုံကြောစနစ်များကမူ ပုပ်သိုးဆွေးမြေ့သွားပြီ ဖြစ်သောကြောင့် ၎င်းတို့အနေဖြင့် အတွေးများမရှိပေ။ လူသေလောင်းကို မပုပ်သိုးအောင် ဆေးစီရင်သည့်လုပ်ငန်းတွင် တစ်ခုခုလွဲချော်မှုရှိခဲ့ပါက လူသေအလောင်းအနေဖြင့် လမ်းလျှောက်သည့်အခါတိုင်း လက်များ၊ ခြေထောက်များ၊ နှလုံးများ၊ အသည်းများနှင့် အဆုတ်များ ညွှတ်ကျနေခြင်းက သဘာဝကျသည်။ ကြောက်စရာကောင်းသည့် အချက်မှလွဲ၍ ၎င်းတို့၏ တိုက်ခိုက်စွမ်းရည်သည် လျစ်လျူရှုထား၍ရ၏။

သို့သော် ကြောက်စရာအကောင်းဆုံးသည်ကား အခေါင်းထဲတွင် လှဲနေသည်မှာ အလောင်းကောင်မဟုတ်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပုံမှန်မြေမြှုပ်ခြင်းဖြစ်စဉ်တွင် ဘိုးဘေးများက မကောင်းဆိုးဝါးဆန်သည်ဟုထင်သော အရာများကို ချိတ်ပိတ်သောအခါ အခေါင်းကို အသုံးပြုကြလိမ့်မည်။ "နိုးထစေသော ဗလုံးဗထွေးအသံ"သည်လည်း မန္တန် သို့မဟုတ် ဓမ္မတေးမျိုး ဖြစ်နိုင်သည်။

တစ်စုံတစ်ယောက်က မိစ္ဆာကို ဆင့်ခေါ်ဖို့ တားမြစ်ထားတဲ့ လမ်းစဉ်တွေကို အသုံးပြုနေခဲ့တာပဲ...

အာကာယံအချက်ပြစနစ်များ ငြိမ်သက်နေခဲ့သည်မှာ အဆန်းမဟုတ်တော့။ ချီယွမ်မှလာသော မူမမှန်ဖြစ်ရပ်များသည် လူများကြောင့်ပင်။ ရွှမ်းကျီးက တိုးတိုးတိတ်တိတ် ကျိန်ဆဲလိုက်သည်။ သူသိခဲ့သင့်သည်။ ဤအရာအားလုံးသည် ထိုသောက်ကျိုးနည်း "ယောင်တစ်ထောင် နောက်ဆက်တွဲစာအုပ်"ကြောင့်ဖြစ်သည်။ ၎င်းက အဘယ်ကြောင့်များ သူ့ကို "နှလုံးသားအမြစ်တွယ်အရုပ်"ဖြင့် လမ်းလွဲစေခဲ့သနည်း။ ၎င်းက တကယ်ပဲ မည်သူ့ဘက်တွင် ရပ်တည်နေသနည်း။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now