Announcement

721 94 11
                                    

[Unicode]

Hello~

အားလုံးကို အသိပေးစရာလေးရှိလို့ပါ။

Eliz က organization တစ်ခုမှာ အလုပ်လုပ်နေသူပါ။ အခု project အသစ်အတွက် လုပ်နေရတာမလို့ Eliz အနေနဲ့ LHJC ဖက်ကို လှည့်နိုင်တော့မှာ မဟုတ်ပါဘူး။ အခုဆိုရင် Vol 2 လည်း ပြီးသွားပါပြီ။ အစကတော့ Vol 2 ပြီးသွားရင် update ကို လုံးဝနားပစ်လိုက်ဖို့ စိတ်ကူးထားပေမယ့် Eliz တို့ လုပ်ရမယ့် project အသစ်က နောက်နှစ် March လလောက်ထိ ကြာမှာပါတဲ့။ အဲတော့ Eliz အနေနဲ့ လုံးဝရပ်ပစ်လိုက်တာထက် အားတဲ့အချိန်လေးကို ဖဲ့ပြီး LHJC အတွက် လုပ်ပေးဖို့ စိတ်ကူးထားပါတယ်။ အဲဒါကြောင့် တစ်ပိုင်းနဲ့တစ်ပိုင်း update ကြာကောင်းကြာသွားနိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း Eliz က Manhua ကိုလည်း ဘာသာပြန်ပေးနေတာဖြစ်တဲ့အတွက် Manhua ကလည်း official ထွက်တဲ့ရက်ထက် ကြာသွားနိုင်ပါတယ်။ အားလုံးကိုလည်း တကယ်အားနာမိပါတယ်ရှင်။

နောက်တစ်ချက်ကတော့ နာမည်အသံထွက်တွေ ပြင်ဖို့ကိစ္စပါ။ အခုနောက်ပိုင်းအခန်းတွေမှာ ပြင်ထားပေမယ့် ရှေ့အခန်းတွေကို ပြန်ပြင်ဖို့က Eliz အနေနဲ့ ဘယ်လိုမှ အချိန်မရလို့ပါ။ အဲ့တစ်ချက်လေးတော့ သည်းခံပေးကြပါ။ Eliz အလုပ်တွေပြီးသွားတဲ့အခါမျိုးကျရင်တော့ Novel ကို unpublish ပြီး အကုန်ပြန်ပြင်ပေးမှာပါ။

စာဖတ်သူတွေအနေနဲ့ တစ်ခုတော့ စိတ်ချထားလို့ရပါတယ်။ Eliz အနေနဲ့ LHJC ဘာသာပြန်တာကို လုံးဝလက်လျော့မှာ မဟုတ်ပါဘူးလို့။ အဆုံးထိဘာသာပြန်ပေးမှာပါ။ ရွှမ်းကျီးနဲ့ ရှန့်လင်ယွမ်းဆိုတဲ့ ဇာတ်ကောင်ကိုရော Lie Huo ဝတ္ထုကိုပါ အရမ်းချစ်တာမလို့ အဆုံးထိ တာဝန်ယူပေးမှာပါ။ အဲဒါကြောင့် စိတ်ရှည်ရှည်စောင့်ပေးကြမယ်ဆိုရင် ကျေးဇူးတင်မိမှာပါလို့ ><

အခုအချိန်ထိ ဖတ်ပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကိုလည်း Eliz က ကျေးဇူးအများကြီးတင်ပါတယ်ရှင်။

အားလုံးပဲ ကျန်းမာရေးအထူးဂရုစိုက်ကြပါ။ Volume 3 နဲ့အတူ မကြာခင်မှာ ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ် 💓

----------------------------------------
[Zawgyi]

Hello~







----------------------------------------

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now