အခန်း ၇

936 194 2
                                    

[Unicode]

ရွှမ်းကျီးတစ်ယောက် နားထောင်ရင်း ရင်းနှီးသလို ခံစားလာရသည်။ ထိုပို့စ်သည် လေယာဉ်ပေါ်တွင် သူကြည့်ခဲ့သောပို့စ် ဖြစ်နေ၏။ ပို့စ်အသစ်မကြည့်ခင်မှာပင် ထိုပို့စ်က ပျောက်သွားသည်။

ဖျင်ချန်းယုသည် နူးညံ့သောအသံနှင့် မွေးဖွားလာသူတစ်ယောက်။ သူ့အသံမကြားမည်စိုး၍ မှောင်မိုက်မှုနှင့် အအေးဓာတ်ကို အံတုကာ ရှေ့ဆက်တိုးသွားသည်။ ပို့စ်ကို ထပ်ဖတ်နေသည်မှာ တုန်ခိုက်နေသော ဆိတ်တစ်ကောင်အလား။ သူက ပြောလိုက်သည်။

ခဏနေကျ မူရင်းပို့စ်တင်တဲ့သူက အဲဒါကို ထပ်တင်လိုက်ပေမဲ့ တင်ပြီးပြီးချင်းမှာပဲ အဖျက်ခံလိုက်ရတယ်။ သူပြန်ပြောတဲ့စာကို အတိုချုပ်ပြောရရင် သူက အမေတစ်ယောက်အနေနဲ့ တာဝန်မကျေဘူးတဲ့။ သူ့ကလေးက ဘာမှပြောမပြဘူးတဲ့။ အဲဒါကြောင့် သူ့ကလေး ကျောင်းသွားနေတုန်း ပစ္စည်းတွေကို ရှာကြည့်တာ။ သူ့သားစာအုပ်ထဲမှာ ထူးဆန်းတဲ့ သင်္ကေတတွေရှိနေတယ်တဲ့။ အစက အဲဒါတွေက ဘောပင်နဲ့ ကြောင်ခြစ်သလို ခြစ်ထားတာတဲ့။ သူမြင်ခဲ့ပေမဲ့ ဒီတိုင်းပဲထားလိုက်တာ။ ဒါပေမဲ့ နောက်ကျတော့ သင်္ကေတတွေက ပိုပြီးသိပ်သည်းလာတာ။ မနေ့ကဆို စာအုပ်တစ်အုပ်လုံး သွေးနဲ့တောင် ဆွဲထားတာ။ ကလေးရဲ့အမူရာကလည်း တစ်နေ့ပြီးတစ်နေ့ ပိုထူးဆန်းလာတယ်။ အဲဒီပုံတွေကို သူဓာတ်ပုံရိုက်ထားတယ်...ကျွန်မ...

ဖျင်ချန်းယုတစ်ယောက် နှာခေါင်းအောက်မှ ပူနွေးနွေးခံစားချက်ကို ရလိုက်ကာ သွေးနံ့ကို ခံစားမိလိုက်သည်။ ထိကြည့်လိုက်မှ နှာခေါင်းသွေးယိုနေမှန်း သိသွားသည်။ အေးစက်သောစိုစွတ်မှုက သူ့ပါးစပ်နှင့် နှာခေါင်းများကို ပွတ်ဆွဲသွား၏။ သူ့အနေဖြင့် ရှေ့ဆက်မသွားနိုင်တော့ပေ။ ဒူးထောက်ချကာ လက်ပ်တော့ကို အားဖြင့် တွန်းပို့လိုက်သည်။ လက်ပ်တော့သည်လည်း ချောမွတ်နေသော ကြမ်းပြင်တစ်လျှောက် လျှောတိုက်သွားကာ ရွှမ်းကျီးနောက်တွင် ရပ်သွားသည်။

ရွှမ်းကျီးလှည့်မကြည့်ခင်မှာပဲ ရှန့်လင်ယွမ်းက စကားစပြောလာသည်။

ယဇ်ပူဇော်မှုစာချုပ်ကို ညှင်သာစွာဖတ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

ဆွေးတမြေ့မြေ့ (မြန်မာဘာသာပြန်)Where stories live. Discover now