8. မြို့တော်သို့ မောင်းနှင်လာခြင်း

2.3K 228 0
                                    

မို့ရွှီတုန်း သည် ဒုတိယနေ့တွင် နံနက်စောစောထွက်လာခဲ့သည်။

ရထားသည် အပြင်တွင်စောင့်နေကာ မို့ရွှီတုန်း စိတ်မသက်မသာဖြစ်မှာကို စိုးရိမ်သောကြောင့် လုအိမ်ကြီးမှ သခင်မလုက မို့ရွှီတုန်း ကိုခေါ်ဖို့ သူ့ကိုယ်ပိုင်ရထားကို ပို့ပေးခဲ့ပါတယ်။ 

ရထားပေါ်တွင် သားရေစောင်ထူထူများဖြင့် အုပ်ထားသော ထိုင်ခုံအပျော့တစ်ခုရှိသည်။  ဘေးတွင် ကူရှင်အနည်းငယ်ပါရှိပြီး စားပွဲခုံလည်းရှိသည်။  ပြတင်းပေါက်နားတွင် အေးအေးဆေးဆေး ဖတ်လို့ရတဲ့ စာအုပ်စင်ငယ်လေးတစ်ခုလည်းပါရှိတယ်။ 

တိမ်တိုက်မြို့သည် မြို့တော်နှင့် သိပ်မဝေးလှသော်လည်း အနီးနားဟု မယူဆနိုင်ပါ။

မို့ရွှီတုန်းနှင့် သူမ လိုက်ပါလာသည့် လူတစ်စုသည် နှစ်ပတ်အကြာတွင် မြို့တော်သို့ ရောက်ရှိခဲ့သည်။  တိမ်တိုက်မြို့တွင် မို့ရွှီတုန်းထံမှ သင်ခန်းစာတစ်ခုသင်ကြားပြီးနောက် နန်နီလီသည် ပို၍နာခံလာခဲ့ပြီး သူ့မအား ဒုက္ခမပေးဝံတော့ပေ။

သူမသည် မို့ရွှီတုန်းအား အပေါ်ယံတွင် အလွန်ရိုသေစွာ ဆက်ဆံခဲ့ပြီး ကိစ္စရပ်တိုင်းအတွက် ညွှန်ကြားချက်များပေးရန် မို့ရွှီတုန်း ကို တောင်းဆိုခဲ့သည်။  သူမသည် မို့ရွှီတုန်းစကားကို လုံးဝ နားမထောင်ဝံ့ဘဲ အမှန်တကယ် လက်နက်ချသွားပုံရသည်။

ထို့ကြောင့် ခရီးသည် ချောမွေ့သည်ဟု ယူဆနိုင်သည်။  ထိုနေ့တွင် နန်နီလိ သည် မြို့တော်ကို အဝေးမှ မြင်လိုက်ရသောအခါတွင် ရထားကို ရပ်ခိုင်းလိုက်သည်။

သူမသည် မို့ရွှီတုန်း ၏ရထားရှိရာသို့သွားကာ အပြုံးလေးဖြင့်မေးလိုက်သည်။

"သခင်မလေး အဆင်ပြေရဲလား ။ ခရီးပန်းရင် ခဏ အနားယူလိုက်ပါလား ။ အခုက အရမ်းစောနေသေးတော့ ရှုတ်ပွနေတဲ့အိမ်ကို မပြန်တာပိုကောင်းပါတယ်။ ငါတို့ သခင်မလေးကို စိတ်အနှောက်အယှက် မဖြစ်စေချင်ပါဘူး"

"သခင်မလေး ၊နန်နီလိပို့လိုက်တဲ့ အစေခံက မနက်အစောကြီး အမြန်ပြန်လာခဲ့တာ။ သူမက အိမ်မပြန်ခင် သူ့အမေဆီ သွားကြည့်ချင်တယ်လို့ပြောတယ်" 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now