60. အောင်သွယ်တော် မို့ရွှီတုန်း

1.3K 176 1
                                    

"အဖေက ဒီအဝတ်အစားတွေက မကောင်းဘူးလို့ ပြောတယ်၊ သူက အသစ်ပြန်ပို့ပေးလိမ်မယ့်" 

မို့ရွှီတုန်းက နူးညံ့သိမ်မွေ့ပြီး သဘောကျဖွယ် အပြုံးဖြင့် ပြောသည်။ 

တံခါးနားတွင် အဝတ်ကိုင်ထားတဲ့ အစေခံက  ကြောက်ရွှံနေသည် ။  သူမ ထွက်သွားရမလား ၊ နေရမလား မသိတော့ပေ ။ သူမ ထွက်သွားချင်သော်လည်း မို့ဟွာဝမ် က အေးစက်စွာ ကြည့်နေခဲ့ပြီး မလှုပ်ရှားဝံ့ပေ။ 

ပထမသခင်မလေးရဲ့ ခြံဝင်းက မိုစုသည် ပထမသခင်မလေးက တတိယသခင်မလေး အတွက် လက်ဆောင်တွေ ပေးတယ်လို့ ဝမ်းသာအားရနဲ့ အကြံမပေးခဲ့ရင်  သူက တတိယသခင်မလေးဆီသို့ သူမ လာခဲ့မှာ မဟုတ်ပါဘူး။  ကံမကောင်းလိုက်တာ။ 

သူသည် တတိယသခင်မလေး စိတ်ဆိုးအောင် လုပ်မိမယ်လို့ထင်ထားခဲ့ပေမဲ့ မမျှော်လင့်ထားဘဲ သခင်ကြီးကို ဒေါသထွက်စေခဲ့ပါတယ်။  ထိုအစေခံက ဒီခရီးစဥ်ကို ဖြစ်မြောက်စေအောင်လုပ်ခဲ့တဲ့ မိုစုကို မုန်းတီးခဲ့ပါတယ်​။  သူမအနေနဲ့ ဒီလိုကိစ္စတွေမှာ နောက်တစ်ကြိမ် ထပ်မပါဝင်တော့မှာ သေချာပါတယ်။ 

"အဝတ်အစားတွေက မကောင်းဘူးလား? သူတို့ကြည့်ရတာ လှတယ်!" 

ရွှီယန်သည် အဖြစ်အပျက်ကို မသိဘဲ ထိုနေရာတွင် ထိုင်ရသည်မှာ သူမအတွက် အဆင်မပြေဟုသာ ခံစားခဲ့ရသည်။  သူ့မျက်နှာမှာ နီမြန်းနေပြီး နှလုံးခုန်သံတွေ ပြင်းထန်လာသည်။ 

သူမသည် မို့ဟွာဝမ်ကို နောက်တစ်ကြိမ် မကြည့်ဝံ့တော့ပေ။  ထို့ကြောင့် မတ်တပ်ရပ်၍ ကျွန်ထံသို့ သွားလေ၏။  သူမသည် စကတ်တစ်ထည်ကို လှမ်းဆွဲကာ ပြုံးကာ ကြည့်လိုက်သည်။  စကတ်သည် သဘာဝအတိုင်း ကောင်းမွန်သော်လည်း မို့ရွှမ်မင် ဝတ်ဆင်ထားသည့်အတွက် သနားစရာပင်။

မို့ရွှမ်မင်က ဒါတွေကို သူမကို မပေးခဲ့ဘူးဆိုတာ သေချာပါတယ်။  မို့ရွှမ်မင်၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် သူမ၏ လက်ရှိအခြေအနေအရ၊ သူမသည် ထိုကဲ့သို့သော ကိစ္စသေးသေးလေးဖြင့် ပြဿနာတက်အောင် သူမ ကြိုးစားမှာ မဟုတ်ဘူး ။ အဒေါ်ဖန်သာ ဘာမဆို လုပ်နိုင်တဲ့ တစ်ဦးတည်းသော သူပါ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now