50 . မို့ရွှမ်မင်၏ သရုပ်မှန်

1.6K 203 1
                                    

မို့ရွှီတုန်းသည် သူမအား ပြစ်တင်ရှုတ်ချသည့် မျက်နှာနီနေသော အမျိုးသမီးများကို လျစ်လျူရှုခဲ့သည်။  သူမသည် လှည့်ကြည့်ကာ ဖန်ယုရှောင်အား သိမ်သိမ်မွေ့မွေ့ ကောက်ချက်ချကာ ပြောသည်

"ခွင့်လွှတ်ပါ ပထမမင်းသား၊ တို့အစ်မအကြီးဆုံး ဘာဖြစ်နေတာလဲဆိုတာ သိခွင့်ရှိမလား"

ဖန်ယုရှောင်၏ အတွေးများသည် မို့ရွှမ်မင် နှင့် မတူကြောင်း သူမယုံကြည်သည်။ ဖန်ယုရှောင် သည် မို့ရွှမ်မင်နဲ့အမှန်တကယ်ဖြစ်ပျက်နေရင်တောင် ၊ သူ၏ဂုဏ်သိက္ခာကို ကာကွယ်ရန် ကြိုးစားနေမည်သာဖြစ်သည်။ 

တကယ်တော့ ထိုမင်းသားတွင် ပဉ္စမတန်း အရာရှိရဲ့ကိုယ်လုပ်တော်သမီးနဲ့သူ တစ်ခုခုဖြစ်နေတယ်လို့ ကောလာဟလတွေ ထွက်နေတယ်ဆိုရင် ဒါဟာ မိုမိသားစုအတွက် ရှက်စရာဖြစ်မှာ သေချာသည်။

ကောလဟာလများသည် မင်းသားချူ၏ ဂုဏ်သတင်းကိုလည်း မကောင်းနိုင်ပေ။  ထီးနန်းရဖို့အတွက် သူ့အတွက် နာမည်ကောင်းရှိဖို့ အရေးကြီးတယ်။  မိန်းမတစ်ယောက်အတွက်နဲ့ သူဂုဏ်သိက္ခာကို ထိခိုက်စေမှာ မဟုတ်ဘူး ။ 

ပြီးတော့ ဒါက မို့ရွှီတုန်းလိုချင်သောအရာပင် ။ မင်းသားချူ ၊ ဖန်ယုရှောင် ၏ရှင်းပြချက်သည် အခြားသူများပြောသည်ထက် ပို၍အသုံးဝင်သည်။ အမှန်ပင် ဖန်ယုရှောင်က နွေးထွေးပြီး ချစ်စရာကောင်းတဲ့ အပြုံးနဲ့ ရှင်းပြတယ်။ 

“ပထမသခင်မလေးမို ဘာဖြစ်တာလဲ မသိဘူး၊ သူဖြတ်သွားတော့ မဏ္ဍပ်ထဲမှာ အနားယူရင်း ရုတ်တရက် မူးလဲသွားတယ်။ ကျုပ်က သူမအနားယူနိုင်ဖို့ အကူအညီပေးဖို့ မိန်းမစိုးကို အမိန့်ပေးလိုက်တယ် ။ မိန်းမစိုးက သမားတော်ခေါ်ပြီး မကြာခင်ပြန်လာတော့မယ်။"

"ကျေးဇူးအများကြီးတင်ပါတယ် မင်းသားချူ"

မို့ရွှီတုန်းက သူ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်ကာ ဖန်ယုရှောင်သည် မို့ရွှမ်မင်ကို အနားယူရန် မဏ္ဍပ်ထဲသို့ ကူညီပေးနိုင်ခဲ့သည့်အတွက် သူမ တကယ်ကို ကျေးဇူးတင်နေပုံရသည်။  သူမသည် လေးလေးနက်နက် ပြောကာ ညီမလေးတစ်ယောက်လို ဟန်ဆောင်လိုက်သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now