170. မင်ဇူးနန်းတော်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်

403 48 1
                                    

"ဒီစာထဲမှာ ဘာပါလို့လဲ " လိယွီမိုက အေးစက်သော အပြုံးကို တိတ်တဆိတ် ထုတ်ဖော်ပြီး နားမလည်နိုင်ဟန်ဆောင်လေသည်။  သူများတွေရဲ့ လျှို့ဝှက်ချက်ကို မဖော်ပြသလိုမျိုး သူ့မျက်နှာမှာ ရှုပ်ထွေးမှုတွေ ပြည့်နှက်နေတယ်။

"ဒါက သေချာပေါက်အမှားတစ်ခုပဲ ။ သခင်လေးစီမာက မူးနေတော့ တစ်ယောက်ယောက်ဆီက လှည့်စားခံရတာ ဖြစ်နိုင်တယ်။ တစ်စုံတစ်ယောက်က စာရေးပြီး သူ့အဝတ်အစားထဲမှာ ထည့်ထားခဲ့တယ် ။ ဒါပေမယ့် စာက ဒီနေရာမှာ တစ်နည်းနည်းနဲ့ကျန်ရစ်ခဲ့ပြီး ပထမသခင်မလေးမို့ကလည်း တတိယသခင်မလေးမို့လို့ အထင်မှားခဲ့တာ ဖြစ်နိုင်တယ် ။ "

ပိုင်ရီဟောက်သည် အကျီအဖြူရောင်ကို ဝတ်ဆင်ထားပြီး လူအုပ်ထဲမှ ပေါ်လာသည်။  သူသည် သာမာန်အဖြူရောင်ကို ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း ကျောက်စိမ်းနှင့် လကဲ့သို့ အလွန်ချောမောလှပနေသည် ။ သူ၏ လှပသော မျက်လုံးများသည် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး သူ့အသံသည် အလွန်ဖြူစင်သည်။  သူက ပြုံးပြုံးရွှင်ရွှင်နဲ့ ရပ်နေလိုက်ရုံနဲ့ပင် အားလုံးရဲ့ အာရုံကို ချက်ချင်းဖမ်းစားလိုက်နိုင်သည် ။

သူ့၏မျက်လုံးများသည် လ၏အလှအပြင် ရေကဲ့သို့ တောက်ပနေသည်။ သို့သော် သူသည် အနီးမှာ ရပ်နေပေမယ့် အဝေးကြီးမှာ ရှိနေပုံပေါ်ပါတယ်။  သူသည် မို့ရွှမ်မင်ကို အနည်းငယ် ငုံ့ကြည့်လိုက်သောအခါ တစ်ခြားသခင်မလေးများက မို့ရွှမ်မင်ကို ဒေါသတကြီး စိုက်ကြည့်စေသည်။  မို့ရွှမ်မင်သည် ချောမောလှပသော ကောင်လေး၏ အာရုံစိုက်မှုကို အဘယ်ကြောင့်ရရှိခဲ့ပြီး သူမအတွက် သူက အဘယ်ကြောင့် ရှင်းပြရသည်ကို သူတို့နားမလည်နိုင်ခဲ့ကြပေ။

ကျောက်တုံးကြီးနှင့် မလှမ်းမကမ်းတွင် မို့ရွှီတုန်း၏ မျက်လုံးများသည်လည်း သူ့ကို စိုက်ကြည့်နေပြီး ပိုင်ရီဟောက်သည် ဤအရာနှင့် မည်သို့ဆက်စပ်နေပြီး မို့ရွှမ်မင်အတွက် အဘယ်ကြောင့် စကားပြောပေးခဲ့သည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

"အခု ဆရာပိုင်က အဲဒီလိုပြောလိုက်တာဆိုတော့ ဒါက အမှန်ပဲဖြစ်ရမယ်" လူအုပ်ထဲက တစ်ယောက်က ပိုင်ရီဟောက်ကို အားပေးကာ ပြောဆိုခဲ့သည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now