150. အသရေပျက်ခြင်း

601 70 1
                                    

"အဖွားက သခင်မလေးလန်ကို ဆိုလိုတာလား ? တုန်းအာမှာ ရင်းနှီးတဲ့ အဒေါ်မရှိပါဘူး ၊ တစ်ယောက်တည်းသော အဒေါ်က မြို့စားကတော် ရှန်းယန်ပါ ၊ ဟိုနေ့က တုန်းအာကို လာဖို့ဖိတ်ခေါ်တဲ့သူလေ ၊ ရက်အနည်းငယ်ကြာလျှင် သူမက အဖွားဆီလာလည်ပြီး တုန်းအာနှင့်အဖေကို ပြုစုစောင့်ရှောက်ပေးခဲ့တဲ့အတွက် သူမက ကျေးဇူးတင်ကြောင်း ပြသချင်ပါတယ်တဲ့ ၊ အဒေါ်ရှင်းယန် လာတဲ့အခါ သခင်မလေးလန်ကို ဖိတ်ခေါ်လို့ရမလား" မို့ရွှီတုန်းက လန်ချိလုကို စိတ်ရှုပ်ထွေးဟန်ဆောင်ကာ ကြည့်လိုက်သည်။  ထို့နောက် သူမသည် ပျော်ရွှင်သော အပြုံးကို တပ်ဆင်ကာ သခင်မအိုထံ ချိုချိုသာသာ လှည့်ကြည့်လိုက်သည်။

သူမ၏ပုံစံသည် ကလေးဆန်တဲ့ပုံပေါက်ပြီး ဖြူစင်တဲ့မျက်လုံးလေးတွေနဲ့ တောက်ပလွန်းလှပါတယ်။ သခင်မအိုကြီးသည် သာမာန်အဝတ်အစားများဝတ်ဆင်ခြင်းကို မကြိုက်ကြောင်း သူမ သိသောကြောင့် လိပ်ပြာဒီဇိုင်းဖြင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့သည်။ ထိုအရောင်က အဖွားသည် သူမကို သနားညှာတာတဲ့ မြေးမလေးတစ်ယောက်လို ချစ်ဖို့ကောင်းစေတယ်။

ထို့အပြင် ဤစကားများသည် ကျိုးကြောင်းဆီလျော်လွန်းသဖြင့် သခင်မအိုကြီးသည် ဒေါသမထွက်အောင် ထိန်းနိုင်ခဲ့ရသည်။  အထူးသဖြင့် မို့ရွှီတုန်းသည် ရက်အနည်းငယ်အတွင်း မြို့စားကတော် ရှင်းယန်က မို့အိမ်တော်သို့ လာရောက်လည်ပတ်မည်ဟုပြောသောအခါ၊ သခင်မအိုကြီးသည် အဒေါ်ဖြစ်သူ လန်ချိလုကို မို့ရွှီတုန်းက အဒေါ်ဟု လှမ်းခေါ်တာကို သခင်မကြီးက အတင်းအကြပ် မလုပ်နိုင်တော့ပေ ။

အလေးအနက်ပြောရလျှင် သခင်မအိုကြီးသည် မိုဟွာဝမ် ဖခင်၏ ကိုယ်လုပ်တော်သာဖြစ်ပြီး သူမတွင် သူမကိုယ်ပိုင်သားရှိလေသည် ။ ထို့အပြင် သူမသည် သားဖြစ်သူ၏ နေအိမ်တွင် နေထိုင်ခဲ့သည်။  ထို့ကြောင့် သူမသည် မို့ဟွာဝမ်နှင့် အဆက်အစပ်ရှိသော်လည်း ၎င်း၏သားဖြစ်သူနှင့် နှိုင်းယှဉ်၍မရပေ။ ဒါကလည်း သူမက မို့ဟွာဝမ်ရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် မချနိုင်ခဲ့တဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now