141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း

599 69 3
                                    

"အဖေ အဖေ..." အပြင်ဘက်မှ ငိုသံကို မို့ရွှီတုန်း ကြားလိုက်ရတယ်။ ထိုအသံက အခန်းထဲမှ တိတ်ဆိတ်နေတဲ့ ဝမ်းနည်းကြေကွဲတဲ့ လေထုကို ချိုးဖျက်ပစ်လိုက်လေသည် ။

မို့ဟွာဝမ်သည် သူ့အမူအရာကို ပြန်လည်ပြင်ဆင်ပြီး တံခါးဝတွင် မိုစုနှင့်အတူ ရပ်နေသည့် ဝမ်းနည်းမှုကို ဟန်ဆောင်နေသော မို့ရွှမ်မင်အား အေးစက်စွာ မော့ကြည့်လိုက်သည်။ 

မို့ရွှမ်မင်သည် မို့ရွှီတုန်း လည်း ထိုနေရာတွင် ရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။  သူမ၏ မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင် ပေါ်လာသည်။ သို့သော် သူမသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ နူးညံ့ပျော့ပျောင်းစွာ ကြည့်လိုက်သည်။  သူမ၏ဦးခေါင်းတွင် ပတ်တီးများ ပတ်ထားသော်လည်း သွေးတွေထွက်နေသေးသည် ။ ဒါက စောစောက ခေါင်းကို ရိုက်မိတဲ့ ဒဏ်ရာက ဖြစ်နိုင်တယ်။ 

မို့ရွှမ်မင်၏ ပန်းရောင်အဝတ်အစားသည် ဒဏ်ရာအနီးတွင် သွေးကွက်များ စွန်းထင်းနေသည်။ သူမ၏ ဆံပင်များသည် ကျွတ်ထွက်နေပြီး ကြောက်လန့်တကြားနဲ့ တစ်ခုခုပြောဖို့ ပါးစပ်ကို ဖွင့်လိုက်တယ်။  သူမ၏ ဝမ်းနည်းနေသော မျက်လုံးများသည် မျက်ရည်များ ပြည့်နှက်နေပြီး သူမသည် အလွန်သနားစရာကောင်းသည့်ပုံပေါက်နေကာ သူမကို စာနာစိတ်ဖြစ်စေသည်။ 

သူမ အခန်းထဲမဝင်ခင်မှာပဲ ခလုတ်တိုက်မိသွားတယ်။ မိုစုက သူ့ကို မဖမ်းမိရင် သူမ လဲကျသွားလိမ့်မယ်။  သူမသည် အလွန်သနားစရာကောင်းပုံရပြီး အတိတ်မှာဖြစ်ခဲ့သမျှကို မို့ဟွာဝမ်၏နှလုံးသားသည် ပျော့ပျောင်းသွားမည်ဖြစ်ပြီး သူမအား အပြစ်ပေးရန်အတွက် စဉ်းစားတော့မည် မဟုတ်ပေ ။ သူမပြောသမျှကိုပဲ မို့ဟွာဝမ်က လက်ခံပေးလိမ့်မည် ။

သို့သော်လည်း မို့ဟွာဝမ်သည် အဒေါ်ဖန်ကို ဒေါသထွက်နေသေးသည်။ မို့ရွှမ်မင်က သူ့စကားကို နားထောင်ပြီး အိမ်မှာနေရင် ဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ သူတွေးလိုက်တော့ သူခက်ထန်စွာပြောလိုက်သည် ။ "မင်း ဘာလို့ဒီကိုလာတာလဲ ၊ ဒီနေရာက ဖုချင်ဥယျာဉ် မဟုတ်ဘူး ။ မင်းကိုယ်တိုင်တွေ့ခဲ့တဲ့ အိမ်ထောင်ရေးအပေါ်မှာ မင်းမကျေနပ်ဘူးလား"

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now