163 . အမှောင်ထဲရွိ သိမ်မွေ့သောထောင်ချောက်

431 53 1
                                    

နန်းတော်တွင် ပွဲကြီးပွဲကောင်းတစ်ခုရှိပြီး အိမ်အကူများအားလုံး အလုပ်ရှုပ်နေခဲ့ကြသည် ။ ထိုကြောင့် သူမ အကြာကြီး မနေနိုင်ပေ ။ သို့မဟုတ်ပါက သူကိုယ်တိုင် ဒုက္ခရောက်နိုင်သည်။

မို့ရွှီတုန်း၏အပြုံးသည် ဖြူစင်ပြီး စွဲမက်ဖွယ်ကောင်းကာ သူမ၏အိမ်အကူအား စကားပြောနေပုံသည် နွေးထွေးသော ညီမလေးနှင့် စကားပြောနေပုံရသည်။  သူမ အစေခံကို မော့ကြည့်လိုက်သည်။  "တို့က တတိယသခင်မလေးမို့လို့ မင်းဘာလို့ထင်ရတာလဲ၊ တို့က စတုတ္ထသခင်မလေးမို့ပါ "

"သခင်မလေးက တတိယသခင်မလေးမို့ မဟုတ်ဘူးလား ။ မဖြစ်နိုင်ဘူး ။ မို့အိမ်တော်က တတိယသခင်မလေးနဲ့ ပထမသခင်မလေးတို့သာ နန်းတော်ကို ရောက်လာခဲ့တာ ။ သခင်မလေးက ပထမသခင်မလေးမို့ရဲ့ နောက်မှာ ထိုင်နေတာဆိုတော့ သခင်မလေးက တတိယသခင်မလေးမို့ ဖြစ်ရမယ်။ စတုတ္ထသခင်မလေးမို့က နန်းတော်ထဲမှာ မရှိနိုင်ဘူး " အိမ်အကူက လျင်မြန်စွာပြောလိုက်သည် ။

"ဒါဆို ငါ့ရဲ့အမကြီးနောက်မှာ ထိုင်တဲ့သူက ငါပဲဖြစ်ရမယ်ပေါ့် !" မို့ရွှီတုန်းက ပြုံးပြီး သူမ ရှင်းရှင်းလင်းလင်း နားလည်သွားသည် ။ မို့ရွှမ်မင်က ဒီနေ့ သူမနောက်မှာ နီးနီးကပ်ကပ်ထိုင်သင့်တယ်လို့ အခိုင်အမာပြောခဲ့တာ အံ့သြစရာမရှိဘူး။ အမျိုးသမီးအချို့သည် မို့ရွှမ်မင်နှင့် နီးကပ်စွာထိုင်ချင်သော်လည်း မို့ရွှမ်မင်သည် သူမညီမနှင့် အတူထိုင်လိုသောကြောင့် ငြင်းဆန်ခဲ့ပြီး ရင်းနှီးသောဆက်ဆံရေးရှိသကဲ့သို့ ပြုမူခဲ့သည်။  တကယ်တော့ သူမဟာ မို့ရွှီတုန်းကို တခြားသူတွေက ခွဲခြားသိမြင်နိုင်စေဖို့ အဆင်ပြေစေချင်ရုံပါပဲ။

အိမ်အကူက တစ်ခုခုမှားနေပြီဆိုတာ သဘောပေါက်သွားကာ သူမကို ဝိုင်းရံထားသည့် မီးရောင်မှိန်မှိန်များကို ကြည့်ပြီး ကြောက်လန့်သွားသည် ။  သူမသည် တတိယသခင်မလေးအား လိုရာခရီးကို ပို့ဆောင်ချင်ပေမယ့် တတိယသခင်မလေးမိုကတော့ အကြောင်းပြချက်မရှိဘဲ သူမနောက်ကိုလိုက်ဖို့က ထက်မြက်လွန်းတယ်။  "တတိယမြောက်သခင်မလေးမို့ မြန်မြန်သွားရအောင်..."

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now