12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း

2K 231 2
                                    

"အဖေ အဆင်ပြေရဲ့လား ၊တုန်းအာက အဖေ အနားမှာ မနေနိုင်ခဲ့ဘူး ။ တုန်းအာက တကယ့်ကို ကံမကောင်းတဲ့သူပါ ။ အဖေကို စိတ်ပူအောင်လုပ်ခဲ့မိတာ သမီးအပြစ်ပါ ။မေမေ ဆုံးပါးသွားတဲ့ အတွက် ဖေဖေ ဝမ်းနည်းနေပေမယ့် တုန်းအာ က ဥာဏ်မမှီလို့ အဖေကို ဝမ်းနည်းစေခဲ့တယ် ။ အဖေစိတ်မကောင်းဖြစ်အောင် တုန်းအာထပ်မလုပ်တော့ပါဘူး!" 

သူမ နှုတ်ခမ်းကို ကိုက်လိုက်သည်နှင့် သူမ၏ နူးညံ့သော အသံသည် ရှိုက်ကြီးတငင်နှင့် ထွက်ပေါ်လာကာ  သူမ၏ ထိန်းမနိုင်သိမ်းမရ မျက်ရည်တွေ စီးကျလာသည် ။  သူတို့သည် သူမ၏ မျက်နှာဖြူဖျော့ဖျော့ကို မှောက်ချလိုက်ပြီး သူမ၏ ခန္ဓာကိုယ် တုန်လှုပ်သွားကြသည်။ 

သူမ၏မျက်လုံးများသည် ခံစားချက်များဖြင့် ပြည့်လျှံနေပြီး ဝမ်းနည်းပူဆွေးမှုများသည် မျက်ရည်များနှင့်အတူ စီးကျလာသည်။ 

"တုန်းအာ!" 

မိုဟွာဝမ် သည် သူ့ခံစားချက်များကို ထိန်းမထားနိုင်တော့ပေ။  သူထ၍ ရှေ့နှစ်လှမ်းတိုးကာ သူ့သမီးလေးကို မြေပြင်ပေါ်ကနေ ချီယူလိုက်တယ်။သူမကို အနီးကပ် ပွေ့ဖက်ထားရင်း တုန်လှုပ်သွားသည်။ 

သူ့မိန်းမနဲ့တူတဲ့ သမီးလေးရဲ့မျက်လုံးထဲက မျက်ရည်တွေကို မြင်လိုက်ရတဲ့အခါ သူဘယ်လိုခံနိုင်ရည်ရှိတော့မလဲ။  ဇနီးဖြစ်သူ ဆုံးပါးသွားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း နာကျင်မှုနှင့်နောင်တသည် မပျောက်ကွယ်သေးပေ။ 

"အဖေ!" 

မို့ရွှီတုန်းသည် သူမ ဖခင်၏ နွေးထွေးသော ရင်ခွင်ထဲသို့ မှီ၍ ကျယ်လောင်စွာ ငိုကြွေးခဲ့သည်။  ဖေဖေ့ကို တင်းတင်းကြပ်ကြပ်ဖက်ထားရင်း သူမလက်ကို လှမ်းဆွဲလိုက်သည်။ 

"တုန်းအာ နေကောင်းအောင်နေပါ ၊ မငိုပါနဲ့ ။ မင်းလေး ချင်းအိမ်တော်မှနေရတာ အခက်တွေ့နေသလား။ စောစော မင်းကိုပြန်မခေါ်ခဲ့တာ ဖေဖေရဲ့ အမှားပဲ။ မင်းက အဲဒီမှာနေနေရတာ သဘောကျပြီး အဖေ့ကို မတွေ့ချင်ဘူးလိုထင်နေခဲ့တာ။  "

သူ့သမီးလေး ဝမ်းနည်းစွာ ငိုနေတာကို မြင်လိုက်ရတော့ မိုဟွာဝမ် ရဲ့ မျက်လုံးတွေ နီရဲလာတယ်။  အချစ်သည် သူ့နှလုံးသားထဲသို့ တိုးဝင်လာသလို ခံစားလိုက်ရသည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now