113. မို့ရွီတုန်းကို တဖန် ဆန့်ကျင်ရန် ကြံစည်သော ခေါင်းမာသည့် သခင်မယု

656 70 0
                                    

"တုန်းအာ ၊ မင်းကိုယ်တိုင် သွားကြည့်လိုက်ပါ ။ တို့ စောစောက ဆရာတော်ကြီးနဲ့ စကားခဏပြောလိုက်ဦးမယ် ။ မင်း အိမ်မှာအလှဆင်ဖို့အတွက် ပန်းတချို့ ရွေးလို့ရတယ်။ မင်းက လူငယ်လေးဆိုတော့ အမြင်လည်းရှိတယ် ။ တို့ကအသက်ကြီးပြီဆိုတော့ ကောင်မလေးတွေက တို့ရွေးတာကို မကြိုက်ဘူး။ တုန်းအာ ၊မင်း ကိုယ်တိုင်သွားရွေးတာ ပိုကောင်းတယ်" 

သခင်မကြီးချင်းသည် အခြားသူများရှေ့တွင် မို့ရွှီတုန်းကို ကြင်နာသည်ဟု ယူဆနိုင်ပါသည်။  စည်းမကျော်သေးသရွေ့ သူမသည် အလွန်ကောင်းသော အသက်ကြီးသူဟု သတ်မှတ်ခံရသည်။ 

သခင်မကြီးချင်းသည် ရယ်မောပြီး စိတ်ကောင်းဝင်နေပုံရသည်။  သူမသည် သူ့နားတစ်ဝိုက်ရှိ ဇီးသီးပွင့်များကို ကြည့်ပြီး မို့ရွှီတုန်း၏လက်ကို လှမ်းဆွဲကာ သူ့ဘာသာသူ သွားစေရန် လက်ဟန်ပြသည်။ 

ချင်းလျံဘုရားကျောင်းရှိ ဇီးသီးပွင့်များသည် အလွန် အဖိုးတန်သည်။  သူတို့ကို သဘောကျတဲ့သူတိုင်းက ပန်းအနည်းငယ်ကို ရွေးယူလို့ ရလေသည် ။

"ဒေါ်လေး အရင်သွားကြည့်ပါလား ၊ ဒီမှာ ပန်းတွေက အရမ်းလှပြီး မွှေးကြိုင်နေတာပဲ " 

မို့ရွှီတုန်းသည် သခင်မယု၏ အင်္ကျီလက်စများကို ချစ်စဖွယ် ဆုပ်ကိုင်ထားသည်။  သခင်မယုက သူမနဲ့ မလိုက်ခဲ့ဘူးဆိုရင် အများအမြင်တွင် သူမသည် မို့ရွှီတုန်းနဲ့အတူ မသွားချင်သလို ဖြစ်လိမ့်မည် ။

"တုန်းအာ ၊ တစ်ယောက်တည်းသွားပါ၊ မိန်းကလေးငယ်တွေလုပ်တဲ့အရာတွေမှာ ငါမပါဝင်နိုင်ဘူး။ စောစောက တို့ခူးတဲ့ပန်းတွေကို ကြည့်ပါဦး ၊ သူတို့က သိပ်မလှကြဘူး ။ ဒါကြောင့် မင်းကိုယ်တိုင်သာ မင်းကြိုက်တဲ့ဟာတွေကို ရွေးလိုက်ပါ။ တို့က အသက်ကြီးပြီ မင်းအတွက် မရွေးပေးနိုင်လောက်ဘူး ၊ တို့ အဘွားနဲ့ ခဏလောက် အနားယူလိုက်မယ်"

သခင်မယုသည် သူမ၏ လက်ကိုင်ပုဝါကို လှန်လိုက်ပြီး ပြေပြစ်စွာ ရယ်မောလိုက်သည် ။ သူမသည် ဘေးနားက မဏ္ဍပ်တစ်ခုတွင် ထိုင်လိုက်ကာ သခင်မကြီးချင်းကို ကူညီပေးလိုက်သည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now