159. ဧည့်ခံပွဲ၌ အချစ်ကဗျာ

420 58 6
                                    

"တတိယညီမ မင်းက ဘာကဗျာကို ရေးထားတာလဲ " မို့ရွှမ်မင်သည် သူတို့ပတ်ဝန်းကျင်ရှိ အမျိုးသမီးငယ်များ လက်ဆေးနေဆဲဖြစ်သည်ကို မြင်လိုက်ရသောအခါ သူမ မထိန်းနိုင်ဘဲ ပြုံးကာ မေးလိုက်မိသည် ။

"အမကြီး ၊ မင်းကနောက်နေတာပဲ ။ တို့က ကဗျာရေးနည်း ဘယ်လိုလုပ်သိမှာလဲ ၊ တို့က စကားလုံးနည်းနည်းပဲသိပြီး ကဗျာဖွဲ့ဖို့ ဘယ်လိုပေါင်းရမှန်းတောင် မသိဘူး။အစ်မကြီးရဲ့ အရှိန်အဟုန်အရ တို့အကဲဖြတ်ကြည့်ရသလောက်တော့ မင်းကဗျာက သေချာပေါက်ကောင်းမှန်း တို့သိတယ်။  နောက်အချိန်ရရင် မင်းတို့ကို သင်ပေးရမယ် ။ ဒါမှမဟုတ်ရင် ဒီလိုပွဲတွေ ထပ်ဖြစ်တဲ့အခါ တို့ ရှက်မိလိမ့်မယ် " မို့ရွှီတုန်းက လှပတဲ့ပန်းတစ်ပွင့်လို ပြုံးပြီး လေးလေးစားစားပြောကာ သူ့အသံကို ရည်ရွယ်ချက်ရှိရှိ ထုတ်ပြလိုက်ပါတယ်။

မို့ရွှီတုန်းရဲ့ကဗျာမှာ သိပ်ပြီး မထူးဆန်းခဲ့ကာ မို့ရွှမ်မင်သည်သာ ယနေ့ညကစားပွဲ၏ ကြယ်ပွင့်ဖြစ်ရမည်။

မို့ရွှမ်မင်က မို့ရွှီတုန်းပြောတာကို သဘောကျပြီး သူမဟာ မို့ရွှီတုန်းကို ဂရုစိုက်ဟန်ဆောင်ပြီး ပြောလိုက်သည် " တတိယညီမ ၊ မင်းဘယ်လိုရေးရမှန်းမသိတာ တို့အမှားပါဘဲ ။ မင်းက တိမ်တိုက်မြို့မှာနေခဲ့ရပြီး အဖေက အလုပ်ရှုပ်နေခဲ့တယ် ။ အဖေက မင်းအတွက် ကလေးထိန်း(နန်နီ)တစ်ယောက်တောင် မငှားခဲ့ဘူး။ ဒါကြောင့် အရာများစွာကို မင်းမသိတာက သာမာန်ပါပဲ ။  ဖေဖေ အလုပ်သိပ်မရှုပ်တဲ့အခါ သင်ပေးမယ့် ကလေးထိန်းဆရာမကို ရှာဖို့ တို့အကြံပေးလိုက်ပါ့မယ် "

ချမ်းသာသောမိသားစုမှအမျိုးသမီးများသည် ငယ်စဉ်ကပင် ကလေးထိန်းများကို ငှားရမ်းခဲ့ကြသည်။  ကလေးထိန်းများသည် မည်ကဲ့သို့ ပြုမူနေထိုင်ပုံနှင့် အမျိုးသမီးများနှင့် ဇနီးမယားများ၏ နည်းလမ်းများကို သင်ကြားပေးမည်ဖြစ်သည်။  အိမ်ထောင်စုတစ်စုကို စီမံခန့်ခွဲနည်းကို လေ့လာကြပြီး အမျိုးသမီးများအတွက် ဂန္တဝင်များကို လေ့လာကာ သင့်လျော်စွာ ပြုမူပုံတို့ကို  လေ့လာနိုင်ရန် သင်ပေးကြမည်ဖြစ်သည်။  ဂီတ ၊ စစ်တုရင် ၊ စာဖတ် ၊ ပန်းချီတွေ ကိုလည်း လေ့လာကြ ရမှာပါ ... အားလုံးသည် ငယ်ငယ်ကတည်းက လေ့လာခဲ့ကြရသည် ။ အသက်ကြီးလာသောအခါမှ စတင်ခြင်းသည် အချိန်နှောင်းသွားလိမ့်မည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now