17. ဗိုလ်ချုပ်အိမ်တော်တွင် ဝမ်းကွဲများ တွေ့ဆုံကြခြင်း

2K 234 1
                                    

"အ..အ......အဖေ"

မို့ရွှမ်ချောင်သည် အလွန်ထိတ်လန့်သွားပြီး သူမ၏မျက်နှာသည် ဖြူဖျော်သွားသည် ။ 

"အဖေ!" 

မို့ရွှီတုန်းက သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး အပြစ်ကျူးလွန်နေသော်လည်း သူမ ပြုံးဖို့ ကြိုးစားနေပုံရသည်။  သို့သော်လည်း သူမ၏ နီရဲနေသော မျက်လုံးများနှင့် အတင်းအကြပ်လုပ်ထားသော အပြုံးတို့က သူမကို ပို၍ပင် သနားလာစေသည်။ 

မို့ဟွာဝမ်သည် မိုရွှမ်ချောင်းက မို့ရွှီတုန်းကိုမည်ကဲ့သို့ ကြိမ်းမောင်းခဲ့သည်ကို တွေးမိသောအခါ မိုရွှ​မ်ချောင် အား ဒေါသတကြီး စိုက်ကြည့်မိသည်။  ထို့နောက် သူသည် လမ်းလျှောက်လာပြီး မို့ရွှီတုန်း ၏ ဆံပင်များကို နူးညံ့စွာ ပွတ်သပ်လိုက်သည်။ 

"မနေ့ညက ဘယ်လိုလဲ ....အိပ်လို့အဆင်ပြေရဲ့လား" 

"ကျေးဇူးပါပဲ ဖေဖေ။ သမီး အိပ်ပျော်ဖို့ နောက်ကျသွားပေမဲ့ ကောင်းကောင်း အိပ်ပျော်ခဲ့ပါတယ် " 

မို့ရွှီတုန်းက ရှူရှိုက်ပြီး ငိုရှိုက်ဖို့ ကြိုးစားသည်။  သူမ မော့ကြည့်လိုက်ပြီး မိုဟွာဝမ်၏ စိမ်းပြာရောင်ဝတ်ရုံကို ဆွဲယူလိုက်သည်။  ထို့နောက် သူမက နူးညံ့သိမ်မွေ့စွာ ပြုံးကာ ပြောလိုက်သည် ။ 

"အဖေ၊ စတုတ္ထညီမကို မဆူပူပါနဲ့၊ သူမနဲ့ အကြီးဆုံး အစ်မက တုန်းအာ ဆိုးတာကို သင်ပေးနေတာပဲ ၊ တုန်းအာကို တကယ်အနိုင်ကျင့်တာမဟုတ်ပါဘူး!"

သူမသည် မို့ရွှမ်ချောင် နှင့် မို့ရွှမ်မင်တို့ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။သူမ၏စကားကြောင့် မို့ရွှမ်မင် ကို ထိတ်လန့်သွားခဲ့သည်။ မို့ဟွာဝမ်၏မျက်နှာ မည်းမှောင်သွားသောအခါတွင် မို့ရွှမ်မင်ပြန်ဖြေတော့မည့်အချိန်၌ မိုဟွာဝမ်က သူမအား ဆုံးမလေသည် ။

"မင်အာ၊ မင်းက ဒီအိမ်ကြီးမှာ အကြီးဆုံးသမီးဖြစ်ပေမယ့် တုန်းအာက ငါ့ရဲ့ တစ်ဦးတည်းသော တရားဝင်ကလေးဆိုတာ မင်းနားလည်သင့်တယ်။  သူအမှားလုပ်မိခဲ့လျှင်တောင်မှ သေသေချာချာ ထောက်ပြနိုင်ပါတယ်။  မင်းနဲ့ မင်းညီမ တုန်းအာ ကို ဘယ်လို ဆူပူကြိမ်းမောင်းနိုင်ရတာလဲ ။  မင်းတို့ရဲ့အခြေနေကိုတောင် မင်းတို့မသိဘူးလား"

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now