74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်

942 63 1
                                    

"စတုတ္ထသခင်မလေးက တတိယသခင်မလေးကို တိုက်မီတဲ့အတွက် သခင်ကြီးက အပြစ်တင်မှာလား။"

မို့ရွှီချောင် ၏ ကိုယ်ရေးကိုယ်တာ အိမ်အကူက သေသေချာချာ မေးသည်။ မို့ရွှီတုန်းသည် အဓိကသမီးဖြစ်သောကြောင့် သူမကြောက်သည်။ ထို့အပြင် သူမသည် အချစ်ခံရသော သမီးလေးတစ်ဦးဖြစ်သည်။

"ဘာကိုကြောက်ရမှာလဲ၊ သူ့ အဖေ့ကိုပြောပြဖို့ သတ္တိရှိမှာလား? သူမက ခေါင်းကိုထိမိတာတောင် တိို့ကို ပြန်မပြောရဲဘူး ။ ဘယ်လောက်တောင် အသုံးမကျလိုက်လဲ။" မို့ရွှီချောင်က အေးစက်စွာ ရယ်မောရင်း ပြောသည်။

"ပြီးတော့ သူက မြို့စားကြီးရဲ့အိမ်မှာ လက်ထပ်ပြီး အိမ်ထောင်ရှင်မဖြစ်ချင်တယ်၊ သူမက စီမံခန့်ခွဲလို့ရမယ် ထင်နေသလား!"

"ဒါပေမယ့် စတုတ္ထမိန်....." အိမ်အကူက တစ်ခုခုပြောချင်သော်လည်း မို့ရွှိချောင်က သူမလက်ကို စိတ်မရှည်စွာ ဝှေ့ယမ်းလိုက်သည်။ သူမ ကျေနပ်စွာ ရယ်မောလေသည် ။

"ဟင့်အင်း၊ တို့က ဘယ်လိုမှ မကြောက်ဘူး ။ ဒါဖြင့် သူက အဓိက သမီးဖြစ်ရင်ရော ဘာအရေးလဲ ၊ မို့ရွှမ်မင်ကိုလည်း သူမက ဘာမှ မပြောရဲ့ဘူး။ မို့ရွှမ်မင်က သူ့ကို အနိုင်ကျင့်ရင် တို့လည်း ကျင့်နိုင်တယ် !"

ချင်ဝေ့ ဥယျာဉ်တွင်

မို့ရွှီတုန်းရဲ့ ဒဏ်ရာက ဒီတခေါက် တော်တော်ပြင်းထန်ပြီး နဖူးတွင် အနီရောင်အဖုကြီးတစ်ခု ရှိနေသည်။ ကံကောင်းထောက်မစွာ၊ မိုရီသည် လျင်မြန်စွာ လုပ်ဆောင်ခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူမဟာ လဲကျရုံသာမက ရှက်ရွံ့စွာဖြင့် ရုပ်ပျက်ဆင်းပျက်လည်း ဖြစ်သွားနိုင်ပါတယ်။ ယခုအချိန်သည် ဆောင်းရာသီဖြစ်၍ ကုသရန် အချိန်အနည်းငယ်ကြာမည်ဖြစ်သည်။

သူမသည် မို့ရွှမ်မင် ပေးလိုက်သော ဆေးကို ဘေးနားသို့ လွှင့်ပစ်လိုက်သည်။ မို့ရွှီတုန်းက အဲဒါကို မသုံးဝံ့ဘူး။

သူမ၏ အတိတ်ဘဝတွင် သူမ မသိလိုက်ဘဲ အဆိပ်ခတ်ခံခဲ့ရသည်။ အစတုန်းကတော့ ကိုယ်ဝန်တောင် မရခဲ့ဘူး။ အရင်ဘဝတုန်းက အဆိပ်ကြောင့် သူမ၏ သန္ဓေသားကို ထိခိုက်စေကြောင်း သိလိုက်ရတယ်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now