26 . ဗိမာန်တော်ရှိ လူယုတ်မာ ဇာတ်ကွက်များ

1.8K 225 2
                                    

ထိုညတွင် အရာအားလုံး တိတ်ဆိတ်နေကြသည် ။

မို့ရွှီတုန်းသည် နောက်တစ်နေ့ နံနက်စောစောတွင် အိပ်ရာက နိုးလာသည်။  မနေ့တုန်းကလိုပဲ ဘုန်းကြီးက သူမမိခင်အတွက် ကျမ်းဂန်တွေ ရွတ်ဆိုခဲ့သည် ။  မွန်းတည့်ချိန်အထိ ရွတ်ဆိုသံကို နားထောင်ပြီးနောက် အမြန်ထမင်းစားကြသည် ။နေ့ခင်းဘက်တွင် အခြားကောင်းချီးမင်္ဂလာများနှင့် ပြည့်နှက်နေပါတယ် ။

မို့ရွှမ်မင်သည် သုံးရက်တာ လှုပ်ရှားမှုအတွက် ကြိုတင်စာရင်းပေးထားပြီး ယနေ့သည် လှုပ်ရှားမှု၏ အဓိကနေ့ဖြစ်သောကြောင့် သူမသည် ညဘက်တွင် ဘုရားကျောင်းမှ ထွက်ခွာသွားခဲ့သည်။  ဗုဒ္ဓဘာသာဘုရားကျောင်းသည် ကျေးဇူးဆပ်ကျောင်းတော်၏ အဓိကခန်းမမဟုတ်ပေ။  ကောင်းချီးမင်္ဂလာအတွက် အဓိကအသုံးပြုခဲ့သည်။  ထို့ကြောင့် ပို၍ ဆိတ်ငြိမ်သော နေရာတွင် တည်ရှိခဲ့သည်။ 

မိုရီနှင့် မိုလန်တို့သည် မို့ရွှီတုန်းနဲ့အတူ လိုက်ပါသွားကြသည်။  မိုရီက သူမရှေ့ကလမ်းကို ထွန်းညှိထားသည့် မီးပုံးကိုကိုင်ထားလျက် သူမအားကူညီပေးလေသည် ။ 

"မမလေး ရှန်းယီက နေ့ခင်းဘက်မှာ တိတ်တဆိတ် ထွက်သွားတယ်။ ကျိလင်က မိုယုကို ပန်းထိုးနည်းကို သင်ပေးနေစဥ်တွင် ရုတ်တရက်ပေါ်ပေါက်လာသော မိုရီအကြောင်း မေးမြန်းခဲ့သည် ။ မိုရီက တိမ်တိုက်မြို့တုန်းက ဆွေမျိုးမရှိတဲ့ မိဘမဲ့ကလေးတစ်ယောက်ဖြစ်လို့ မမလေးက သနားပြီး အနားခေါ်ယူခဲ့သည်ဟု မိုယုက ​ပြောခဲ့သည် ။" 

မိုရီသည် မို့ရွှီတုန်းနဲ့အတူ အတွင်းခန်းထဲသို့ လိုက်ပါသွားသောကြောင့် သင့်လျော်သော အခြေအနေတစ်ခု လိုအပ်လေသည် ။ မို့ရွှီတုန်းသည် သူမ၏ ဆွေမျိုးများ၏ ပံ့ပိုးကူညီမှု မရ၍ ကယ်တင်ရှင်ကို တွေ့ဆုံရန် ပျက်ကွက်ခဲ့သည့်ဟု မိုရီ၏ ဇာတ်လမ်းကို တွေးဆခဲ့သည်။

မို့ရွှီတုန်းကပေါ့ပေါ့တန်တန် မျက်မှောင်ကြုတ်ပြီး "ရှန်းယိ ပြန်လာတုန်းက ထူးထူးခြားခြား ပြုမူခဲ့တာလား?"  ဟုမေးသည် ။

"ရှန်းယိ ပြန်လာကတည်းက သူတို့နဲ့အတူရှိနေတယ်လို့ မိုယု ကပြောပါတယ်။ အပြင်ကလူတွေက အစားအသောက်ပို့ပြီး ရှန်းယိ က တစ်ခါတည်းထွက်သွားတာကလွဲလို့ တခြားဘာမှ ထူးထူးခြားခြားတော့ မရှိပါဘူး။" 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now