58. ဧကရီ၏ အစီအစဥ်

1.4K 155 0
                                    

" သွေးက ဘယ်ကလာတာလဲ "

မိန်းမစိုးသည် မြေပြင်ပေါ်တွင် ဒူးထောင့်လျက် လှုပ်ခါစပြုလာသည်။  သူနန်းတော်ထဲပြန်ဝင်လာတဲ့အခါ နှုတ်ခမ်းက သွေးခြေရာတွေကို သန့်စင်ပြီးသားပင် ။ ဒါကို သူဘယ်လိုကျော်ဖြတ်ရမလဲ ဆိုတာကို တွေးနေမိသည်။ 

အကယ်လို့ ဧကရီက သူ့အနှစ်သက်ဆုံး တူမလေးရဲ့ ပန်းချီကားပေါ်မှာ ဖျန်းထားတဲ့ သွေးက သူ့သွေးတွေလို့ သိခဲ့ရင်တော့ သူ သေမှာ သေချာပါတယ်။  သို့သော် ဧကရီကို မလိမ်ဝံ့ပေ။  ဧကရီသည် မင်းသားရှောင် နှင့် အငြင်းအခုံဖြစ်ဟန်တူသည်။ 

အစောင့်များ၏ ရိုက်နှက်ခြင်းကို ခံရပြီးနောက် ပန်းချီကားပေါ်တွင် သွေးများစီးကျနေသည်ကို မြင်ဖူးသူ တစ်ဦးမျှ မရှိပါ။ သူကြောင့် ဧကရီနှင့် မင်းသာရှောင် အကြား သဘောထားကွဲလွဲမှုဖြစ်သွားကြောင်းကို သူတို့သိခဲ့လျှင် သူသည် ကျိန်းသေသေလိမ့်မည်။ 

"ဘာဖြစ်တာလဲ၊ မင်းပြောဖို့ခက်နေတာလား။" 

ဧကရီက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေပြီး သူမရဲ့ တင်းမာပြီးသား မျက်နှာက ပိုလို့တောင် တင်းမာလာပါတယ်။ 

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ အဲဒါမဟုတ်ဘူး၊ ဒါက ဒီအစေခံရဲ့သွေးပါ ။ စောစောက ဒီအစေခံ အရိုက်ခံရပြီး မတော်တဆ သွေးတွေ ပက်လိုက်မီတာ။" 

မိန်းမစိုးက တုန်လှုပ်သွားပြီး စကားပြန်မပြောရဲတော့ဘူး။ 

မင်းသာရှောင်၏ အမိန့်ပေးမှုကြောင့် အစောင့်အကြပ်၏ ရိုက်နှက်ခြင်းကို ခံရကြောင်း သူ မပြောဝံ့ပေ။ 

တစ်ချိန်က မင်းသားရှောင်၏ ရုပ်ရှည်ကို စွဲလန်းပြီး မှင်တက်စွာ ကြည့်နေခဲ့သော အမျိုးသားတစ်ဦး ရှိခဲ့သည်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။ မင်းသားရှောင်သည် ထိုအမျိုးသားအား ဓားဖြင့်သေတဲ့အထိ ထိုးသတ်ဖူးသည်။

မင်းသားရှောင်သည် သူ၏ အလှကြောင့် အမျိုးသားများ မှင်တက်သွားသည်ကို အမုန်းဆုံးဖြစ်သည်။  သူ့ကိုယ်သူ ဘာမှားနေမှန်းမသိဘူး။  အလွန်ချောမောသော မျက်နှာကို သူ သတ္တိရှိရှိ စိုက်ကြည့်မိသည်။  ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးဟာ ဘယ်သူနဲ့မှ မလိုက်ဖက်ပါဘူး။  နောက်တော့ သူကြည့်မီပြီး ဒုက္ခရောက်သွားတယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now