145. မို့ရွှမ်မင် အရိုက်ခံရသည်

617 66 2
                                    

လိယွီမိုရဲ့ စကားတွေက အရမ်းမိုက်ရိုင်းလွန်းလှကာ ပခုံးကိုတွန့်ပြီး မို့ရွှမ်မင်ကို မျက်လုံးထောင့်ကနေ ကြည့်နေသည် ။ သူ့မျက်လုံးများက တောက်ပလာပြီး နှုတ်ခမ်းထောင့်တွင် ပျင်းရိသော အပြုံးလေးတစ်ခု ပေါ်လာသည်။ သူကြည့်ရတာ လူမိုက်တစ်ယောက်လိုပါပဲ။
နာမည်ဂုဏ်သတင်းကောင်းပြီး ကျင့်ဝတ်တွေကို အမြဲအလေးထားပြီး စံနမူနာယူတတ်တဲ့ မို့ရွှမ်မင်က ဒါကို ဘယ်လိုလက်ခံနိုင်မလဲ။ သူမ ဒေါသအရမ်းထွက်ကာ တောက်လောင်သွားသည်။ ယခင်က သူမတွေ့ခဲ့ဖူးသော မြင့်မြတ်သောသူများသည် အများအားဖြင့် ယုရန်ချန်နှင့်သာ တူလေသည်။ သူတို့က နူးညံ့ပြေပြစ်ကြကာ ဒီလို အရှက်ကင်းမဲ့တဲ့ မြင့်မြတ်သောသခင်လေးကို သူမ ဘယ်တုန်းကမှ မတွေ့ဖူးပေ ။

"သခင်လေးလိ ၊ မင်းက တစ်ခြားတစ်ယောက်ကို တို့လို အထင်မှားခဲ့တာ ၊ တို့က မနေ့ညတုန်းက အပြင်ကိုထွက်ခွင့်မရဘဲ ကျမ်းစာတွေကို ကူးရေးနေခဲ့ရတာပါ ၊ တို့က သခင်လိကို ဘယ်လိုတွေ့နိုင်ပါမလဲ ၊ သခင်လိက မြို့တော်ရဲ့ မျိုးရိုးမြင့်သူတစ်ဦးဖြစ်ပြီး တစ်စုံတစ်ဦး၏ ဂုဏ်သတင်းကို ညစ်ညမ်းစေခြင်းက သူရဲ့ ဘဝအသက်ကို သတ်ခြင်းကဲ့သို့ တူညီကြောင်း သိပါလိမ့်မယ် ။ သခင်လိ တို့ကိုမနှောင့်ယှက်သင့်ပါဘူး " မို့ရွှမ်မင်သည် နောက်ဆုံး ဆင်ခြင်တုံတရား အနည်းငယ်ရှိသေးသည်။ သူမသည် အေးစက်စက်ပြောနေချိန်တွင် သူမ၏ တောက်နေသော မျက်လုံးများကို ထိန်းချုပ်ကာ ဒေါသကို လျှော့ချလိုက်သည်။

သူ့အဖေက လိယွီမိုကိုလာဖို့ တောင်းဆိုတာကို ကြားတာကြောင့် သူမဒီမှာနေခဲ့ခြင်းဖြစ်သည် ။ သူမသည် လိယွီမို နှင့် "ရှင်းရှင်းလင်းလင်း" လုပ်ချင်သည်။ စောစောက သူမ တွက်ချက်တာ မှားယွင်းခဲ့ပြီဆိုတာ သူမနားလည်ပြီးသားပင် ။ သူမသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် သူ့အဖေထံသွားကာ သူမအား ယုရန်ချန်ကိုကူညီရန် တောင်းဆိုမည်ဟု ပြောခဲ့သည်။ အမျိုးသမီးတစ်ဦးသည် သူမ၏မိသားစုမှမဟုတ်သော အမျိုးသားတစ်ဦးနှင့် တွေ့ဆုံနိုင်မည် မဟုတ်ဟုသောအချက်ကို သူမ လျစ်လျူရှုထားမိသည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now