78. မို့ရွှမ်ချောင် ထိမှန်သွားသည်

895 100 0
                                    

"အစ်မအကြီးဆုံး ၊ တို့ခြံကို ခဏသွားလိုက်ဦးမယ် ၊ တို့ကိုစောင့်နေပါ " 

မို့ရွှီတုန်းသည် ထိုအချိန်၌ မိုရီအကူအညီဖြင့် ရထားပေါ်မှ ရုတ်တရက် ထွက်လာခဲ့သည်။ 

"တတိယညီမ မင်းဘာဖြစ်လို့လဲ"  မို့ရွှမ်မင်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ မကျေနပ်စွာ ကြည့်နေလေသည်။ 

"တို့ သိပ်နေမကောင်းဘူး။ အဖွားက နောက်ဆုံးအကြိမ် ဆေးလာပေးထားတော့ တို့သွားဝယ်ချင်တယ်၊ မဟုတ်ရင် တို့နေမကောင်းရင် ပိုဆိုးလိမ့်မယ်။" 

မို့ရွှီတုန်း သည် မိုရီအား အားပျော့စွာ မှီ၍ တောင်းပန်စကားဆိုသည်။ သူမ၏ ဖြူဖပ်ဖြူရော်မျက်နှာက အနည်းငယ်ဖောင်းနေပုံရပြီး သူမကို တစ်ချက်ကြည့်လိုက်ရင် သူမနေမကောင်းဘူးဆိုတာ သိနိုင်ပါတယ်။ 

"အစ်မကြီး၊ မင်းအလျင်လိုရင် မင်းအရင်သွားလိုက်ပါ။ တို့ စတုတ္ထညီမနဲ့ လိုက်လာခဲ့မယ် " 

မို့ရွှမ်ချောင်က ဝမ်းသာအားရနဲ့ ချက်ချင်း ခေါင်းညိတ်ပြပြီး "အစ်မအကြီးဆုံး၊ မင်း အလျင်လိုရင် အရင်သွားလိုက်ပါ!" 

သူမသည် အဆိုပါ ကြွက်ငယ် မို့ရွှီတုန်းကို မြို့စား၏သားနှင့် တစ်ယောက်တည်း နေခွင့် မပြုပေ။  မိသားစုပွဲ၌၊ စီမာလင်းရန်၏ မို့ရွှီတုန်းအပေါ် နှစ်သက်မှုကို ဖုံးကွယ်၍မရပေ။  ထို့အပြင် မို့ရွှီတုန်းသည် ယမန်နေ့ကပင် သူမကို အရှက်ခွဲခဲ့သည်။  အစောပိုင်းတွင် သူမ တုံ့ဆိုင်းသွားရသည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ သူမသည် မို့ရွှီတုန်းကို မည်သို့ပြုလုပ်ရမည်ကို တွေးနေသောကြောင့်ဖြစ်သည်။

"ဒါဆို မြန်မြန်သွား၊ တို့ မင်းတို့နှစ်ယောက်လုံးကို စောင့်နေမယ် "

မို့ရွှမ်မင်သည် တိတ်တဆိတ် စိတ်ဆိုးသွားသည်။  သို့သော်လည်း သူမသည် ထက်မြက်စွာ ပြုံးပြီး နူးညံ့စွာ ပြောနေသေးသည်။

မို့ရွှီတုန်းက အေးစက်စွာ ကြည့်နေသည် ။  သူမသည် အရာရာတိုင်းကို မြင်ဖူးပြီးသားဖြစ်သည်။ မို့ရွှမ်မင်က သူမကို နာကျင်အောင်လုပ်ဖို့ကြိုးစားမည်ဖြစ်ပြီး မို့ရွှမ်ချောင်ကြောင့် ​​ထိုအရာတွေကို ပျက်စီးသွားမှာကို ကြောက်ခဲ့ပါတယ်။  ထို့ကြောင့် သူမသည် မို့ရွှမ်ချောင်အား သူတို့နှင့်မလိုက်ရန် အရာအားလုံးကို ကြိုးစားခဲ့သည်။သို့သော်လည်း သူမလိုချင်တာကို မို့ရွှီတုန်း ခွင့်မပြုခဲ့ပေ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now