24. ထူးဆန်းသော ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း

1.8K 213 0
                                    

မို့ရွှိတုန်းသည် မိုလန်၊ မိုယုနှင့် အခြားအိမ်အစေခံနှစ်ယောက်ကို ခေါ်ဆောင်လာသည်။  ဒုတိယတန်းအိမ်အစေခံ နှစ်ယောက်သည် အဒေါ်ဖန်ပေးပို့သော လူများ ဖြစ်သည်။  ရုပ်ရည်ချောမောသောသူကို ရွှန်းယီ ဟုခေါ်တွင်ကာ ကျန်တစ်ဦးမှာ ကျိလင်ဟုခေါ်သည်။ 

မို့ရွှီတုန်းသည် ရထားနံရံများကို မှီကာ မနေ့ညက သိပ်မအိပ်ခဲ့ရသောကြောင့် မျက်လုံးမှိတ်ထားလိုက်သည်။  မိုလန်သည်လည်း ပြတင်းပေါက်တွင် မှီထားလိုက်သည် ။

ဘေးတွင်ထိုင်နေသော မိုယုတစ်ယောက်သာ စိတ်အားထက်သန်စွာ ကြည့်နေသည်။ အိပ်မပျော်သော အိမ်အကူများသည် သခင်မ အိပ်ပျော်သွားသောကြောင့် စကားမပြောကြပေ။ 

"ညီမ မိုယု၊ တတိယသခင်မလေးက ဘာကြောင့် ဒီလောက်တောင် ပင်ပန်းတဲ့ပုံပေါက်နေရတာလဲ။ "

ဘေးနားထိုင်နေသော ရွှန်းယီသည် မိုရွှိတုန်း၏ ဖြူဖျော့ဖျော့ဖျော့နှင့် နီမြန်းသောအသွင်အပြင်ကို မြင်လိုက်ရသဖြင့် မထိန်းနိုင်ဘဲ တိုးတိုးလေးမေးလိုက်သည်။ 

"သခင်မလေးက အမြဲတမ်း အားနည်းနေတယ်။ သူမ ပင်ပန်းပြီး ညတုန်းကပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်းကိုသွားတဲ့ ဒီခရီးအတွက် စိတ်ပူနေတာကြောင့် ကောင်းကောင်း အိပ်မပျော်ဘူး" 

မိုယုက မော့ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။  သူမသည် ရွှန်းယိ ကို လုံးဝမကြိုက်ပေ ။

"အို ညီမမိုယု..."

ရှန်းယိက တစ်ခုခုပြောချင်သေးပေမယ့် မိုယုက သူမကို ဝှေ့ယမ်းပြီး စကားမပြောဖို့ အေးစက်စွာပြောလိုက်သည်။

ရွှန်းယိက သူမပါးစပ်ကိုဖွင့်လိုက်သော်လည်း ကူကယ်ရာမဲ့ပိတ်လိုက်ရသည်။ ထိုနောက်တွင် လမ်း တစ်လျှောက်လုံး စကားမပြောဖြစ်ကြပေ ။  မိုယုသည် တောင်ပေါ်သို့ရောက်သောအခါ ရထားပေါ်မှ မို့ရွှီတုန်းကို ကူညီခဲ့သည်။ 

စောသေးသည်နှင့် တောင်ပေါ်ရှိ ဘုရားကျောင်းသည် အထူးသဖြင့် တိတ်ဆိတ်နေသည်။  လာရောက်ဆုတောင်းသူ အများအပြားမရှိပေ။  ခြံကို သန့်ရှင်းရေးလုပ်နေတဲ့ ဘုန်းကြီးတွေနဲ့ သီလရှင် အနည်းအကျဉ်းပဲရှိတယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now