169. စိတ်ဝင်စားစရာကောင်းသော ပွဲ

407 45 3
                                    

"ကောင်းပြီ ၊ ငါတို့အားလုံး ပွဲကို လုံလောက်အောင် ကြည့်ခဲ့ပြီးဆိုတော့ အဆုံးသတ်ဖို့အချိန်ရောက်ပြီ ။ ငါတို့က သူတို့ရဲ့ အချစ်ရေးကို အနှောက်အယှက် မပေးသင့်ဘူး။  အစ်ကိုမင်ရုံလည်း ဒီလိုမကျေမနပ်ဖြစ်မှုတွေကို လွှတ်ထားလိုက်သင့်ပြီး တော်ဝင်နန်းတော်က ထွက်ပြီးတာနဲ့ မင်းကို ငါတစ်ဝိုင်းတိုက်ပါ့မယ်။ မင်း ပန်းတရာရှုပ်ထွေးခြင်း စံအိမ်ကို ငါနဲ့အတူ သွားချင်သလား။  "

လိယွီမိုက ယုမင်ရုံကို ရိုင်းစိုင်းတဲ့ ပုံစံမျိုးနဲ့ ရယ်ပြပြီး ပွဲကြည့်ပရိသတ်တွေကို နောက်က ချန်ထားခဲ့တယ် ။ ထို့နောက် သူသည် ယုမင်ရုံကို စီမာလင်းရန်ထံမှ ခွန်အားများစွာဖြင့် ဆွဲထုတ်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် တိုက်ပွဲကို ရပ်တန့်ရန် ကြိုးစားခဲ့သည်။

အနီးနားပတ်ဝန်းကျင်ရှိ သခင်လေးနဲ့ သခင်မလေးများအားလုံးသည် သူ့စကားကိုကြားသောအခါ မြေပြင်ပေါ်သို့ လဲကျသွားသော စီမာလင်းရန်နှင့် ဘေးတွင် မတည်မငြိမ် ရပ်နေသော မို့ရွှမ်မင်ကို ငေးကြည့်လိုက်ကြသည် ။ သူတို့အားလုံးက လွန်လွန်းတယ်လို့ထင်ကြပြီး ပထမဆုံးသခင်မလေးမိုဟာ အကျင့်ပျက်လွန်းပြီး နန်းတော်မှာရှိတဲ့ စည်းမျဉ်းတွေကိုတောင် မသိဘူး။  သူမသည် အင်ပါယာနန်းတော်တွင် လျှို့ဝှက်ချိန်းတွေ့ရန် သတ္တိရှိ၍ ဖမ်းမိသောအခါတွင်လည်း သူ့ညီမငယ်ကို အပြစ်ပုံချဖို့ ကြိုးစားခဲ့ကာ သူမသည် အလွန်ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

ဒီလိုမိန်းကလေးမျိုးကို ဘယ်သူကလက်ထပ်ရဲမှာလဲ။  မို့အိမ်တော်က ဒီကောင်မလေးကို ဘယ်တော့မှာ လက်မထပ်သင့်ဘူးဟု၍ သူတို့အိမ်ပြန်ရောက်သောအခါ သူတို့၏ ဆွေမျိုးများကို ပြောပြဖို့ ဆုံးဖြတ်ခဲ့ကြသည် ။

ယခုတော့ အားလုံးသည် ထိုကိစ္စကိုသိပြီးဖြစ်၍ ဤဒုက္ခမှ ကင်းဝေးရန် ချက်ခြင်းထွက်ခွါရန် ကြံရွယ်ကြသည်။ လူအုပ်ကြီးသည် လူစုခွဲကာ ၎င်းတို့၏ သီးခြားလမ်းအတိုင်း ထွက်ခွာသွားတော့မည်ဖြစ်သည်။

"နေပါဦး ၊ သခင်လေးယု ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ တို့ကို ပြောပြပါဦး ၊ ဒါမှမဟုတ်ရင် တို့ ဒီမှာတင် သတ်သေလိုက်မယ် " မိုစုကို ကိုင်ထားတဲ့ မို့ရွှမ်မင်ရဲ့လက်က တုန်ရိနေခဲ့သည် ။  ဒီတစ်ခါတော့ သူမသည် စိတ်ပူဟန်ဆောင်သည်ထက် တကယ်ကို စိတ်ပူနေမိသည်။  အခု လူတွေက ဒီမှာ စုနေကြတုန်းဆိုတော့ ရှင်းအောင်ပြောရလိမ့်မည် ။ ဒီလိုကောလဟာလတွေ ထွက်လာခဲ့ရင် သူမရဲ့ နာမည်ပျက်သွားလိမ့်မယ်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now