108. ယုစီလုံ၏ မကောင်းတဲ့ဆန္ဒ

739 88 0
                                    

"အမေ၊ အဲဒီခွေးမလေးကို ကူညီခဲ့တဲ့သူက ဝမ်းကွဲရှောင်များ ဖြစ်နေမလား"  ဒီဖြစ်နိုင်ခြေကို တွေးပြီး ယုစီလုံက ​​ငိုချင်ယောင်ဆောင်တာကို ရပ်လိုက်ပြီး မနာလိုစွာ မေးလိုက်တယ်။ 

သူ့အစ်ကိုဝမ်းကွဲရဲ့မျက်လုံးထဲမှာ မို့ရွှီတုန်းတစ်ယောက်သာရှိသဖြင့် သူမက အဲဒီအမျိုးသမီးကို အသက်ရှင်လျက် မျိုချဖို့ မစောင့်နိုင်တော့ဘူး။ 

"မဟုတ်ဘူး၊ ယွီရှောင်က အဲဒီတုန်းက လမ်းပေါ်မှာ ရှိနေတုန်းပဲ။ သူ့မှာ အချိန်မပေးနိုင်သလို့ သူ့နောက်က လိုက်နေတဲ့ လူတွေလည်းအများကြီး မရှိဘူး..." သခင်မယုက စဥ်းစားရင်း ပြောလိုက်သည် ။

ချင်းယွီရှောင်၏ နောက်လိုက်အစေခံများသည် အနည်းငယ်သာရှိ၍ ထိုကိစ္စ၏နောက်ကွယ်တွင် သူပါဝင်ပတ်သက်နိုင်ဖို့အထိ စွမ်းဆောင်နိုင်မှာ မဟုတ်ဘူး ။ ထို့အပြင် ချင်းယွီရှောင်သည် အမှားတစ်ခုခုကို သတိပြုမိပါက၊ အရာအားလုံးကြားမှ သူမကို စိန်ခေါ်ရန် အပြေးအလွှား ရောက်လာပေလိမ့်မည်။  သူ ဒီလို ငြိမ်သက်နေမှာ မဟုတ်ဘူး။ 

"အဒေါ် ၊ ဘာပဲဖြစ်ဖြစ် တို့ဂရုမစိုက်ပါဘူး။ ဒီခွေးမက သေကိုသေရမယ် "

ချင်းယွီရှောင်က သူမကို အမှန်တကယ် လျစ်လျူရှုထားသည်ဟု ယုစီလုံက တွေးလိုက်မိသောအခါ မို့ရွှီတုန်းကို အမြန်သတ်ပစ်ချင်တော့သည် ။ သူမသည် ဒေါသအလွန်ထွက်ကာ မျက်လုံးများက မီးတောက်လောင် နေခဲ့သည် ။  ဒီတစ်ကြိမ်မှာတော့ သူမဟာ တကယ်ကို ကံကောင်းလွန်းတဲ့ မို့ရွှီတုန်းကို အပြီးမသတ်နိုင်ခဲ့ပေ ။

"စီလုံ ၊ ဘာမှ အရူးအမူး မလုပ်ပါနဲ့၊ ဒီကိစ္စပြီးသွားရင် မင်းဝမ်းကွဲကို ဆက်ဆံဖို့ အခွင့်အရေးတွေ အများကြီး ရလိမ့်မယ်။"  သခင်မချန်က သူမကို သတိပေးသည်။ 

"မေမေ၊ စိတ်ချပါ ၊ သမီး သူ့ကို ဒီရက်ပိုင်းအတွင်း လွှတ်ထားလိုက်မယ်။  ရက်အနည်းငယ်ကြာရင် သမီး သူ့ကို ရုပ်ပျက်ဆင်းပျက် ဖြစ်အောင်လုပ်ပြီး ဝမ်းကွဲရှောင်ကို သူမ ဘယ်လိုမျိုး ဆွဲဆောင်နိုင်ဦးမလဲဆိုတာ စောင့်ကြည့်မယ်။"  ယုစီလုံ သည် သူမ၏ သွားများကို အံကြိတ်ကာ ပြောလိုက်သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now