59. ထိုအဝတ်အစားများနှင့် ပြဿနာ

1.3K 156 2
                                    

"သခင်ကြီး၊ ပထမသခင်မလေးရဲ့အဝတ်အစားတွေက ရှည်လွန်းပြီး သခင်မငယ်လေးနဲ့ အဆင်မပြေပါဘူး။ သူဝတ်လို့မရတဲ့ပုံပါပဲ။" 

မို့ရွှီတုန်းလဲကျလုနီးပါးဖြစ်တာကြောင့် မိုဟယ်က ထိတ်လန့်သွားတယ်။  သူမ အမြန်ထကာ မို့ရွှိတုန်း တည်ငြိမ်အောင် ကူညီပေးသည်။  သူမသည် မို့ရွီတုန်း၏ခြေရင်းတွင် ငုတ်တုတ်ထိုင်ကာ အင်္ကျီအစုတ်ကြီးကို ဆွဲထုတ်ကာ အကျည်းတန်သော ဖိနပ်များကို လက်ဟန်ခြေဟန်ပြကာ ပြောလိုက်သည်။ 

အဝတ်အစားက ပိုကြီးမှန်း သိသာထင်ရှားစွာ မြင်လိုက်ရသောအခါ မိုဟွာဝမ်၏ အပြုံးသည် ပျောက်ကွယ်သွားသည်။  သူ့နှုတ်ခမ်းပါးပါးလေးက တင်းမာသွားသည် ။ 

"စိတ်မပူပါနဲ့ အစ်မအကြီးဆုံးက သမီးကို ဒီအဝတ်အစားတွေကို သုံးလေးခါလောက် ပို့ပြီးသွားပြီ။ လက်မခံရင် သူ ဒေါသဖြစ်လိမ့်မယ်။ အခုမဝတ်နိုင်တော့ရင် နောင်အရွယ်ရောက်လာတဲ့အခါ ဝတ်လို့ရတာပဲ့ " 

မို့ရွှီတုန်းက သူမ ဘာမှ မခံစားရသလို ပြုံးနေပုံရသည်။  သူမသည် စကတ်ကို လက်ဖြင့် လှမ်းမလိုက်ပြီး ခြေဖဝါးများကို လှည့်ပတ်ကာ လမ်းလျှောက်လိုက်သည်။  ထို့နောက် သူမက ရယ်ပြီး ပြောသည် ။

"ဖေဖေ၊ တုန်းအာက အစ်မအကြီးဆုံးရဲ့ အဝတ်အစားကို ဝတ်ထားတာ ကြည့်ကောင်းလား" လို့ ပြောပါတယ်။ 

တရားဝင်သမီးသည် ကိုယ်လုပ်တော်၏သမီး ပေးသည့် ကို၀တ်ဆင်နေရပြီး ထိုအဝတ်အစားက အဆင်မပြေသည့်တိုင် ပျော်ရွှင်နေပုံရသည်။ 

မို့ဟွာဝမ်၏ အပြုံးသည် လုံးဝ မှိန်သွားပြီး ဒေါသတွေ တဟုန်ထိုး ခံစားလာရပါတော့တယ်။ 

တုန်းအာသည် သူ၏တရားဝင်သမီးဖြစ်ပြီး သူနှင့်လုရှ၏ တစ်ဦးတည်းသောသမီးဖြစ်ခဲ့သည်။  သူမရဲ့ ပျော်ရွှင်ပြီး မသိဟန်ဆောင်တဲ့ အပြုံးကို ကြည့်ပြီး သူ့ရင်ထဲမှာ နာကျင်ခံစားလိုက်ရပြီး  ဒေါသကို အတင်းအကျပ် မြို ချလိုက်တယ်။  ဒီနေရာက ဒေါသဖြစ်မယ့်နေရာ မဟုတ်ဘူး။ 

"ပထမသခင်မလေးရဲ့အဝတ်အစားတွေက အရမ်းလှတယ်။ သခင်မလေးက ဒါကို အရင်သိမ်းထားပြီး အရပ်ရှည်လာတဲ့အချိန်မှ ဝတ်ရင် အရမ်းလိုက်ဖက်လိမ့်မယ်။ ကျုပ်တို့က တိမ်တိုက်မြို့က ပြန်လာပြီး အဝတ်အစားအများကြီးမရှိဘူး ။ သခင်မလေး နန်းတော်ပွဲကိုသွားလျှင်လည်း ဒီအဝတ်အစားများဝတ်သွားရင် လိုက်လျောညီထွေရှိလိမ့်မည် " 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now