90. မို့အိမ်တော်ကို မီးရှို့သည်

971 125 1
                                    

"အရှင်မင်းသား ဒီနေ့ ဒါကိုပြောဖို့ လာခဲ့ရင် ကျေးဇူးပြုပြီး ထွက်သွားပါ"

မို့ရွှီတုန်း​ရဲ့ နူးညံ့သိမ်မွေ့တဲ့မျက်နှာက သူ့မျက်လုံးတွေလိုပဲ အေးစက်နေတယ်။  သူမသည် ဒေါသထွက်နေပြီဖြစ်၍ ဖန်ယုလန် နှင့် ကောင်းကောင်းကစားရန် စိတ်မ၀င်စားခဲ့ပေ။  မို့ရွှမ်မင်လိုချင်တာကိုတောင် သူမ မခန့်မှန်းရသေးတာမို့ မင်းသားရဲ့ အတွေးတွေကို ခန့်မှန်းဖို့ သူမ တကယ်ကို စိတ်မ၀င်စားပါဘူး။ 

"ကောင်းပြီ၊ ပြောပါ။ မင်းရဲ့အစ်မအကြီးဆုံးက မင်းကို မြို့စားအိမ်တော်ရဲ့သားနဲ့ လက်ထပ်စေချင်နေတာလား"

ဖန်ယုလန်က သူမကို စနောက်တာ ရပ်လိုက်တယ်။  စကားပြောနေရင်းနဲ့ သူ့မျက်နှာမှာ ကြည့်ကောင်းတဲ့ အပြုံးတစ်ခုရှိနေတယ်။ 

"အရှင်မင်းသား..သိတယ်" မို့ရွှီတုန်း အံ့အားသင့်သွားသည်။ 

"မင်းရဲ့ အကြီးဆုံးအမက အရမ်းရက်စက်တာပဲ ၊ ကျုပ် ဒီကိုလာတုန်းက ယမ်းမှုန့်တွေနဲ့ ၊ ဆီတွေ ရွှဲနေတဲ့ ခန်းမဆောင်ကို တွေ့လိုက်ရတယ်…”

ယမ်းမှုန့်......ဆီ...မီး????

"ဘယ်မှာ တွေ့တာလဲ"

မို့ရွှီတုန်းရုတ်တရက် မတ်တပ်ထရပ်ကာ သူမ၏မျက်လုံးများက ထိတ်လန့်နေသည် ။ မို့ရွှမ်မင်က သူမကို မီးရှို့သတ်ပစ်ချင်လောက်အောင် ရူးသွပ်သွားတာလား ။

"ဘိုးဘွားခန်းမဘေးက လက်ဝဲဘက်မှာ ၊ အထဲမှာ တစ်ယောက်မှရှိပုံမပေါ်ဘူး။"
ဖန်ယုလန်က ပျင်းရိစွာ ပြန်ဖြေတယ်။ 

မို့ရွှီတုန်းသည် မို့ရွှမ်မင်၏ ရက်စက်ကြမ်းကြုတ်သော ကြံစည်မှုကို ချက်ချင်း သဘောပေါက်သွားသည်။ 

ဘိုးဘွားခန်းမဘေးက အခန်းထဲမှာ ဘယ်သူမှ မရှိတော့ဘူး။  ထုံးတမ်းစဉ်လာများအတွက် အသုံးပြုသည့်အရာများကဲ့သို့ ထိုနေရာတွင် သိမ်းဆည်းထားသည့် ကြုံရာကျပန်းအရာအချို့သာ ရှိခဲ့သည်။  ၎င်းတို့အားလုံးသည် မီးလောင်လွယ်ပြီး လျှင်မြန်စွာ မီးလောင်နိုင်သည်။ 

သူတို့သည် အတွင်းဝင်း၏နောက်ဘက်တွင်ရှိပြီး ဘိုးဘွားခန်းမသည် အနောက်တံခါးနှင့်နီးပါသည် ။များသောအားဖြင့် အဲဒီနေရာကို မကြာခဏ မရောက်ဖြစ်ဘူး။  အိမ်ရှေ့ဝင်းထဲက တစ်စုံတစ်ယောက်က မီးကိုတွေ့ပြီးနောက် ဒီနေရာကိုရောက်ဖို့ အချိန်အနည်းငယ်ယူရလိမ့်မယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now