43 . တရားဝင်သမီး

1.7K 218 10
                                    

သူမပြောလိုက်သည့်အခိုက်တွင် လင်းမင်ရန်က သူ့ညီမလေးကို အနိုင်ကျင့်ဖို့ကြိုးစားနေတယ်ဆိုတဲ့ သံသယတွေကို ချက်ချင်းဖျောက်ပစ်လိုက်တယ်။ ယခင်က အနည်းငယ်သံသယရှိသူများသည် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သည့်အတွက် မို့ရွှမ်မင်အား မချီးကျူးဘဲ မနေနိုင်ကြပေ ။

သူမသည် မာနကြီးသူ၊ ရိုင်းစိုင်းပြီး တွေးတောမနေဘဲ ပြောဆိုတတ်သော လင်းမင်ရန် နှင့်မတူဘဲ ထူးချွန်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ မို့ရွှမ်မင်အကြောင်း လင်းမင်ရန် ပြောသည်ကို လူအများက လျစ်လျူရှုခဲ့ကြသည်။

လင်းမင်ရန်၏ ဂုဏ်သတင်းကြောင့် လူအများက အမြဲတမ်း ယဉ်ကျေးပြီး ထက်မြက်သော ပထမသခင်မလေးမို ကို သဘာဝအတိုင်း ယုံကြည်ကြလေသည် ။ မောက်မာပြီး ရိုင်းစိုင်းတဲ့ လင်းမင်ရန် နဲ့ယှဉ်ရင် အမြဲတမ်းနူးညံ့ပြီး ပြုံးနေတဲ့ မို့ရွှမ်မင်ကို ပိုသဘောကျကြတယ်။

"မင်းရဲ့ တတိယညီမက ရိုင်းစိုင်းပြီး မောက်မာတယ်လို့ တို့ကြားတယ်။ သူမက မြို့တံခါးထဲ ရောက်တာနဲ့ တစ်စုံတစ်ယောက်ကို တိုက်ချခဲ့တယ်ဆို ၊ မြို့တံခါးမှာ လူတွေ အများကြီး ရှိတာတောင် သူမက ဂရုမစိုက်ဘဲဝင်လာခဲ့တယ်။ ဒီအပြုအမူက မြင့်မြတ်တဲ့မိန်းမပျိုတစ်ယောက်ရဲ့ ပြုမှုပုံလား"

လင်းမင်ရန်သည် မို့ရွှမ်မင် နှင့် သီးသန့် ဆက်ဆံရေးကောင်း အမြဲရှိခဲ့သည်။ မို့ရွှမ်မင်ကို သူမက ဒေါသတကြီး စိုက်ကြည့်ကာပြောနေရုံမှတစ်ပါး သူမ ဘာမှမပြောနိုင်ချေ ။ မို့ရွှမ်မင်သည် စောစောက သူမဘက်ကနေပြောခဲ့သော သူတစ်ယောက်ဖြစ်သည်။ ရုတ်​တရက်​ သူမက ဘာလို့​ဘက်ပြောင်းသွားတာလဲ။

မြင်းပေါ်ကနေ အရှိန်ပြင်းပြင်းနဲ့၀င်လာပြီး မြို့တံခါးကို ဝင်လိုက်တာနဲ့ တစ်ယောက်ယောက်ကို တွန်းချလိုက်တာလား။ မြို့တော်ကိုရောက်တာနဲ့ ဒီလျိမျိုး သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ လုပ်ရဲရင် အနာဂတ်မှာ ဘယ်လို ပြုမူနေထိုင်မလဲ။ မျက်မှောင်ကြုတ်ပြီး မို့ရွှီတုန်းကို ကြည့်လာသူ အများအပြားရှိလာခဲ့သည်။

"သခင်မလေးလင်း ၊ ရိုင်းစိုင်းတဲ့ စကား မပြောနဲ့၊ တို့ညီမလုပ်ခဲ့တယ်လို့ မင်းထင်နိုင်ပေမဲ့ ၊ ဒါက တကယ်တော့ မဟုတ်ဘူး... တခြားအရာတွေ ရှိသေးတယ်"

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now