15. မိုရွှမ်မင် ငြင်းပယ်ခံရသည်

2.1K 233 0
                                    

မိုဟွာဝမ်က သူ့ခေါင်းကို လှည့်ပြီး မိုရွှီတုန်းအားကြည့်ကာ သူမ၏သဘောထားကို ပြောစေချင်ပုံရသည် ။ 

အပြစ်ကင်းစင်ပြီး ရှက်ရွံ့သော အပြုံးတစ်ခု သူမမျက်နှာပေါ်တွင် ချက်ချင်းပေါ်လာခဲ့သည်။ သူမသည် လက်ကိုင်ပုဝါကို လှည့်ကာ ချိုသာစွာ ပြောလိုက်သည်။ 

"ဖေဖေ၊ အဖွားက စိတ်ပူပြီး သမီးအတွက် နို့ထိန်း နန်နီတွေကို စိတ်ကြိုက်ရွေးပေးမယ်လို့ ပြောခဲ့တယ်။ သူတို့တွေက နန်းတော်ကဖြစ်ပြီး အပြင်မှာတွေ့တဲ့ သူတွေထက် ပိုကောင်းလို့ အဖွားက တုန်းအာအတွက် စဥ်းစားပေးတာဖြစ်မယ် ။ သမီး ရက်အနည်းငယ်အတွင်း ကျင့်ဝတ်တွေကို သင်ယူလိုက်ပါ့မယ် ။" 

သူမရဲ့ လေသံက ပေါ့ပေါ့ပါးပါး ဖြစ်နေလေသည် ။ ဖယောင်းတိုင်မီးသည် သူမ၏မျက်နှာပေါ်တွင် တောက်ပစွာ ထွန်းလင်းနေပြီး အလင်းရောင်ထဲတွင် သူမသည် အထူးသဖြင့် အေးဆေးတည်ငြိမ်ပြီး ချစ်စဖွယ်ဖြစ်နေပုံရသည်။ 

သူမဘေးမှာထိုင်နေတဲ့ ချင်းယွီဖန်က အပြုံးမပျက်ဘဲ သူမကို ဂရုတစိုက်နဲ့ မော့ကြည့်လိုက်တယ်။ စီမာလင်းရန်သည် သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို မှင်တက်စွာ ကြည့်နေသည်။  အကြောင်းတစ်ခုခုကြောင့် သူ့နှလုံးခုန်သွားသည်။ 

ဘေးတွင်ထိုင်နေသော အဒေါ်ဖန်သည် အဆိပ်တောက်တောက်တောက်အကြည့်ဖြင့် သူမကိုကြည့်နေသည်။

"ဒါဆို ဒီလိုပဲ့သတ်မှတ်ကြတာပေါ့် ၊ ရက်အနည်းငယ်ကြာလို့ ပြန်လည်သက်သာလာပြီးရင်  ဗိုလ်ချုပ်အိမ်တော်မှာ မင်းအဖွားကို သွားကြည့်ပါဦး။ သခင်မကြီးရဲ့ ရွေးချယ်မှုက သဘာဝအတိုင်းမှန်ကန်မှာပါ..."

မိုဟွာဝမ်က သဘောတူလိုက်ပါတယ်။ သူသည် ကွယ်လွန်သွားသော ဇနီးသည်အား တွေးတောကာ အပြစ်ရှိသလို ဝမ်းနည်းပူဆွေးခြင်းကိုလည်း ခံစားခဲ့ရသည်။ 

သူသည် သူ့မိန်းမနှင့်တူသော မို့ရွှီတုန်း ၏မျက်လုံးများကို ကြည့်လိုက်သည်။ မို့ရွှီတုန်း ကို သူကြည့်ပုံက ပိုလို့တောင် စူးစူးရဲရဲ ဖြစ်လာသည် ။ 

"အဖေ၊ မင်အာက တတိယညီမနဲ့အတူ အဖွားဆီကို သွားလည်ချင်ပါတယ်။ အဖွားနဲ့လည်း ကျင့်ဝတ်တွေ သင်ယူချင်တယ်၊ ညီမနဲ့အတူ လိုက်သွားတဲ့အခါ အနာဂတ်မှာ ညီမရဲ့ နာမည်ဂုဏ်သတင်း ကောင်းမွန်လာမှာပါ!" 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now