19 . တွေ့ဆုံသည်

2K 222 0
                                    

လုမင်ရှုက ကျေးဇူးတင်စွာဖြင့် ပြုံးပြီး မို့ရွှီတုန်း၏ ဝတ်ရုံလက်ကို လွှတ်လိုက်သည်။ မို့ရွှီတုန်း၏စကားများကြောင့် အဖွားက ထိုယောက်ျားနှင့်တွေ့ရန် အခွင့်အရေးပေးကြောင်း ၊ သူမအား စိတ်ချစေကြောင်း သူမသိသည်။ 

"သခင်မကြီးဆု ၊ ဒီဆေးစာက မပြင်းထန်ပေမယ့် အစားအသောက်အချို့ကို ရှောင်ဖို့ လိုပါသေးတယ်။ ကွဲလွဲနေတဲ့ ဂုဏ်သတ္တိရှိတဲ့ အစားအစာတွေကို ရှောင်တာက ပိုကောင်းပါတယ်။ ရှောင်ဖို့ တခြားအစားအစာတချို့ကို ရေးထားပါတယ်။ ကျေးဇူးပြုပြီး သောက်ဖို့ မမေ့ပါနဲ့ " 

ကြည်လင်သောအသံသည် စမ်းရေကဲ့သို့ စီးဆင်းနေသော တေးသွားနှင့်တူသည်။ ပိုင်ရီဟောက် က လှည့်ကြည့်ကာ ပြုံးပြီး သူ့လက်ထဲက စာရွက်ကို တစ်ဖက်ကို ခြောက်အောင်ထားရင်း အဘွားအိုကို ပြောလိုက်တယ်။ 

"ကျေးဇူးတင်ပါတယ် ဆရာပိုင် ၊ ငါတို့ မင်းကို ဒုက္ခပေးမီပြီ။ ငါ့မြေးကို မင်း ကုသပေးနိုင်မလား မသိဘူး။ငါ့မြေးမက ကလေးဘဝကတည်းက အားနည်းနေပြီး ဆေးတွေ အများကြီးသောက်ပြီးတောင် မသက်သာသေးဘူး" 

သခင်မကြီးဆု သည် စိုးရိမ်သော မျက်လုံးများဖြင့် ဖန်သားပြင်မှ ထွက်လာသော မို့ရွှီတုန်းကို ကြည့်လိုက်သည်။  သူမက ပိုင်ရီဟောက် ကို သေးသွယ်သော လက်ဖဝါးဖြင့် ဝှေ့ယမ်းလိုက်သည်။  ပိုင်ရီဟောက်က ဘေးမှာရပ်နေတဲ့ အမျိုးသမီးကို လှည့်ကြည့်လိုက်တယ်။ 

သူမရဲ့ ရိုးရှင်းတဲ့အဝတ်အစားတွေနဲ့တောင် လှပတဲ့ ဆွဲဆောင်မှုဟာ လျော့မသွားပါဘူး။  ယင်းအစား၊ ၎င်းသည် သူမကို သန့်ရှင်းပြီး ပြောင်မြောက်စေသည်။  သူမ၏ အလှသည် သဘာဝကျပြီး သူမ၏ ရှည်လျားသော မျက်တောင်များသည် ပေါ့ပါးစွာ တဝဲလည်လည် ဖြစ်နေသည်။  သူမ၏ ကြည်လင်ပြတ်သားသော မျက်လုံးများက စူးစမ်းချင်နေသော်လည်း ရှက်နေပုံမပေါ်ပေ ။

သူမ၏ နူးညံ့သိမ်မွေ့ပြီး မရင့်ကျက်သော ခန္ဓာကိုယ်သည် လေထဲတွင် အားနည်းသော ကြာပန်းကဲ့သို့ ဖြစ်နေသည်။  နုနယ်သော်လည်း မာကြောသည်။  သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now