18 . ပိုင်ရီဟောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း

2.1K 229 2
                                    

လုချန်သည် ဤကာလတစ်လျှောက်လုံးတွင် နယ်ခြားစောင့်ကြပ်ပေးခဲ့ရသော စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။  သူသည် သူ့မိသားစုကို မြို့တော်တွင်ထားခဲ့ပြီး လုဝမ်ယွီ နှင့် လုဝမ်ချိ တို့သာ လိုက်ပါသွားခဲ့သည်။  သူတို့သည် ကိုယ်ခံပညာကိုလည်း လေ့လာသောကြောင့် တိုင်းပြည် နယ်နိမိတ်ချင်း ထိစပ်သောနေရာတွင် တာဝန်ထမ်းဆောင်ကာ  အိမ်ပြန်ခဲတယ်။
မို့ဟွာဝမ်သည် ဤအတောအတွင်း တိမ်တိုက်မြို့တွင် နေထိုင်ခဲ့ပြီး ဗိုလ်ချုပ်၏ မိသားစုနှင့် မရင်းနှီးခဲ့ပေ။  သူမ၏ ယခင်ဘဝတွင် မိုရွှီတုန်းသည် မြို့တော်သို့ ဝင်ရောက်ချိန်တွင် သူမ၏ဝမ်းကွဲကိုပင် မတွေ့ခဲ့ရပေ။ 

ပထမအချက်မှာ သူမသည် ယခုထက် အသက်2နှစ်ကြီးသောကြောင့်ဖြစ်ပြီး ဒုတိယအချက်မှာ မို့ရွှီတုန်း သည် မြို့တံခါးဝတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ၎င်းကြောင့် ယုတ်ညံ့သည်ဟု ခံစားခဲ့ရသည်။

ထို့ကြောင့် သူမသည် သူမ၏ အရင်းနှီးဆုံး ဆွေမျိုးများနှင့် သူငယ်ချင်းများကိုပင် မတွေ့ဆုံခဲ့ပေ။  သူမသည် နှစ်စဉ်နှစ်တိုင်း သူမ၏ မွေးနေ့တွင် ဤဝမ်းကွဲအစ်ကိုထံမှ လက်ဆောင်တစ်ခုသာ ရရှိမည်ဖြစ်သည်။ ဗိုလ်ချူပ်ကြီး ရာထူးကျပြီး မွဲတေသွားသည့်တိုင် လက်ဆောင်များ ဆက်လက်ရောက်ရှိလာသည်။ 

ကြည်လင်ပြတ်သားသော မျက်လုံးများဖြင့် တံခါးဝတွင် သူမ၏ဝမ်းကွဲက အရပ်မြင့်မြင့် ရပ်နေသည်ကို မြင်သောအခါတွင် သူမသည် လုဝမ်ယွီအား လေးလေးနက်နက် ဦးညွှတ်ငုံ့ကာ ကြည့်နေလေသည်။ 

သူမ နှလုံးသား တုန်လှုပ်သွားသည်။ ထိုသူတို့သည့် သူမ၏အတိတ်ဘဝတွင် သူမအား လက်မလျှော့ခဲ့သဖြင့် ကျေးဇူးတင်ခဲ့ရပြီး ယခုဘဝတွင်လည်း သူမကို အရမ်းချစ်နေသေးပုံပေါ်သည့်အတွက် ကျေးဇူးတင်ရသည်။ 

လုဝမ်ယွီသည် နူးညံ့သိမ်မွေ့ပြီး ကြော့ရှင်းသော အမျိုးသမီးငယ်ကို တွေ့လိုက်ရသောအခါ အံ့အားသင့်သွားသည်။

"ညီမတုန်း က အရမ်းလှတာပဲ၊ ဦးလေးက အရမ်းကိုတော်တာပဲ၊ ဒီလောက်လှတဲ့ သမီးလေးကို တိမ်တိုက်မြို့မှာ ဘယ်လို ထားခဲ့နိုင်တာလဲ"

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now