147. စီမာလင်းရန် မြို့တော်သို့ အမြန်ပြန်လာရခြင်း

511 59 0
                                    

"ဒီနေ့ ကိစ္စတွေ အတွက် မင်းကို ကျုပ်ကျေးဇူးတင်ပါတယ် ။ ကျုပ်အိမ်ထောင်ရေးကြောင့် မင်းစိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့အတွက် မင်းကို ဒီည မြို့တော်အရှေ့ဘက်မှာရှိတဲ့ ဇူရှန်းမျှော်စင်မှာ စားသောက်ပွဲတစ်ခုနဲ့ ပြန်လည်ဧည့်ခံပါ့မယ် ။ ကျုပ်တို့ အားလုံး မူးတဲ့အထိ သောက်ကြမယ် ၊ အဲဒါက မင်းအတွက် ကျုပ်ရဲ့ ရိုးသားတဲ့ ကျေးဇူးတရားပါ " လိယွီမိုက မျက်ခုံးပင့်ပြီး ပြောလိုက်သည် ။ နောက်တော့ သူက ယုရန်ချန်ရဲ့ ပုခုံးကို အရူးတစ်ယောက်လို ကိုင်လိုက်သည် ။ သူတို့နှစ်ယောက်က အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပုံရတယ် " ကျုပ်မင်္ဂလာဆောင် အခမ်းအနားမှာ ကျုပ်တို့ကို အောင်သွယ်ပေးတဲ့ မင်းရှေ့မှာ ကျုပ် ဂါရဝပြုမယ် ။ ငါ့ဘဝတစ်ခုလုံးအတွက် မင်းကို ကျေးဇူးတင်နေပါ့မယ်။ "

အောင်သွယ်တော်လား?   သူက လိယွီမိုနဲ့ မို့ရွှမ်မင် တို့ရဲ့ အောင်သွယ်တော်လား ။ ယုရန်ချန်က သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားလုံးဝမပြောနိုင်ပေ ။

သူသည် လိယွီမို၏လက်ကို တိတ်တဆိတ် ရှောင်လိုက်ပြီး ထိုညက မို့ရွှမ်မင်နှင့် သီးသန့်ချိန်းတွေ့ခဲ့ခြင်းအတွက် အလွန်နောင်တရမိသည် ။

ဒီသတင်းသာထွက်လာရင် မင်မြို့စားအိမ်တော်က တော်တော်အရှက်ရလိမ့်မယ်။

လိယွီမိုက အရမ်းနာမည်ကြီးနေတာကြောင့် မိုနဲ့လီတို့ရဲ့ လက်ထပ်မယ့်သတင်းဟာ မြို့တော်အနှံ့အပြားမှာ ပျံ့နှံ့သွားခဲ့တယ် ။ တစ်ယောက်ယောက်က သူ့သမီးကို ဒီလို ရက်စက်ကြမ်းကြုတ်သူနဲ့ လက်ထပ်ဖို့ သတ္တိရှိလိုက်တာ တကယ်ကို အံ့သြစရာပဲဟု တော်တော်များများက ပြောကြသည် ။ သတ္တိရှိတဲ့ မိန်းကလေးက ဘယ်သူလဲလို့ လူတိုင်းနီးပါးက သိချင်ပြီး အံ့သြနေကြသည် ။

လိယွီမိုနဲ့ လက်ထပ်မည့်သူသည် မိုအိမ်တော်မှ လှပသော နူးညံ့သိမ်မွေ့သော ပထမဆုံးသောသခင်မလေးဟု ကြားလိုက်ရတော့ လူတိုင်းက သနားမိသွားကြသည်။  ချောမောလှပကာ ထက်မြက်ပြီး နူးညံ့သိမ်မွေ့သော မိန်းကလေးသည် လိယွီမိုနှင့် လက်ထပ်တော့မည်မှာ အမှန်ပင် ဖြုန်းတီးခြင်းသာဖြစ်သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now