110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်

770 90 1
                                    

"တို့က ရက်စက်တယ်လို့ မင်း ထင်နေတာလား?" သူမသည် နောက်ပြန်လှည့်မကြည့်ဘဲ ပါးစပ်ကို ပြတ်ပြတ်သားသား ဖွင့်ကာ ပြောလိုက်သည်။  သို့သော်လည်း သူမသည် အနည်းငယ် စိမ်းကားနေပုံရပြီး စိတ်ဓာတ်ကျနေကာ ဖော်မပြနိုင်လောက်အောင် ဝမ်းနည်းနေပုံရသည်။ 

"သူမက မမလေးကို တချိန်လုံး ကြံစည်ဖို့ ကြိုးစားနေတာ၊ မနေ့ကတောင် မမလေးကို သေလုနီးပါး ဖြစ်သွားစေခဲ့တယ် ။ သူမက မမလေး နာမည်ကိုတောင် ဖျက်ဆီးပစ်ချင်နေတာ။ ဒီနေ့တော့ ဒီဟာကို သူ့ဘာသာသူ လုပ်မိပြီး ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်ပါဘူး ။ သူမက သူတပါးကို ထိခိုက်နာကျင်အောင်လုပ်ဖို့ မကြိုးစားရင် ဒီကျောက်တုံးတွေပေါ် ဘယ်လိုလုပ် တက်ပြီး ခုန်ချမှာလဲ၊သူက မမလေး ရဲ့မျက်နှာကို ဖျက်ဆီးဖို့ ကြိုးစားနေတာလို့ ကျုပ်ထင်မိတယ်။ "

မိုရွှီတုန်းက သူ့ကိုယ်သူ အပြစ်တင်တာကိုမြင်တော့ မိုလန်က သူမကို သနားသွားတယ်။  သူမ၏ သခင်မလေးသည် ထိုသိုပြုမူသောအခါတွင် သခင်မလေးသည် နူးညံ့သိမ်မွေ့သည်ထက် ပို၍သနားစရာကောင်းသည်ကို တွေ့ရသောကြောင့် သူမကို အခိုင်အမာ ထောက်ခံခဲ့သည်။ 

အခုပဲဖြစ်​ဖြစ်​ မနေ့ကပဲဖြစ်​ဖြစ်​ ယုစီလုံက သူသခင်မလေး အပေါ် ဘယ်​​တော့မှ မ​ကောင်းခဲ့သလို နောက်လည်းကောင်းလာမှာ မဟုတ်ဘူး ။ ယုစီလုံသာ အောင်မြင်ခဲ့မယ်ဆိုရင် သူမရဲ့သခင်မလေးဘဝဟာ ပျက်စီးသွားလိမ့်မယ်။  ဒီလိုမိန်းမမျိုးဟာ သူကံနဲ့သူဖြစ်သွားတဲ့အတွက် ထိုက်တန်ပါတယ် ။ 

"တို့လည်းထင်တယ်၊ ဒါကြောင့် တို့ ဒီလိုလုပ်ခဲ့တာ!" မို့ရွှီတုန်းသည် မျက်လုံးများကိုမှိတ်ထားပြီး အေးစက်သောအပြုံးတစ်ခုက သူမ၏နှုတ်ခမ်းပေါ်သို့ တိုးဝင်လာသည်။ 

ယုစီလုံကို သူမ ဘယ်လို သနားနိုင်မလဲ။  ထိုအမျိုးသမီးသည် သူမ၏မျက်နှာကို ဖျက်ဆီးရန် ကြိုးစားသောကြောင့် သူမသည် ယုစီလုံ၏တိုက်ခိုက်မှုကို ရှောင်တိမ်းရုံသာဖြစ်သည်။  သို့မဟုတ်ရင် ဒီအမျိုးသမီးက သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်တာကို စောင့်နေသင့်သလား???

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now