77. ကိုယ်လုပ်တော်သမီးများက ဒုက္ခဖြစ်စေသည်

1.1K 111 1
                                    

"အိမ်ထောင်ပြုခဲ့ပြီးပြီးလား ၊ ဒီအကြောင်းလည်း သူမ မသိပါလား ၊ ဒါက ဟုတ်ချင်မှဟုတ်မယ် ၊ ရှေးလူကြီးက ပြောကြတဲ့စကားတစ်ခွန်း ရှိတယ် ။ သခင်မကြီးတစ်ယောက် အသက်ရှင်နေချိန်မှာ ဘယ်သူ့မှ သခင်မလေးကို တွေ့ခွင့်မရဘူးဆိုတဲ့စကားကို  နန်နီမင်က စိတ်ချလက်ချပြောဖူးသည်။ မို့ရွှီတုန်း စကားမပြီးခင်မှာပင် သူမပြောခဲ့သည်။ 

"နန်နီ ၊ အမေနဲ့ ရင်းနှီးတဲ့ ကောင်မလေး တစ်ယောက်အကြောင်း သိလား" မို့ရွှီတုန်းက ဇွတ်မေးတယ်။ 

ဖန်ယုလန်က ပေါက်ကရပြောနေတာ မဟုတ်တာ သေချာပါတယ်။  သူက ဂရုမစိုက်ဘဲ အပျော်သဘော ဆောင်နေပုံရသော်လည်း သူထင်သလိုမဟုတ်ကြောင်း သူမသိသည်။ ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း မှာ သူတို့ရဲ့ ထူးဆန်းတဲ့တွေ့ဆုံမှုက သူမကို ရိုးရိုးသားသားမဟုတ်ကြောင်း ပြသခဲ့တယ်။  ဒီလိုယောက်ျားမျိုးက ဘာမှမဟုတ်တဲ့ သူမကို တစ်ခုခုလိမ်ပြောမှာလား။  လုံးဝမဟုတ်​ဘူး! 

"သခင်မရဲ့ ကျန်းမာရေးက ညံ့ဖျင်းပြီး အမြဲတမ်း အိပ်နေခဲ့ပါတယ်။ သူမမှာ တိမ်တိုက်မြိုမှာတောင် အထူးရင်းနှီးတဲ့ သူငယ်ချင်း မရှိပါဘူး။ တခြား သခင်မတွေနဲ့ သူမရဲ့ ဆက်ဆံရေးက ဒီလောက်ပါပဲ။ တိမ်တိုက်မြို့မှာ တစ်ယောက်ယောက်နဲ့ ထိမ်မြားပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။  ." 

နန်နီမင်က ပြောပြသည်။  သူမသည် လုရှ ၏ အိမ်အကူဖြစ်ပြီး လုရှအတွက် အချိန်အတော်ကြာ အလုပ်လုပ်ခဲ့သည်။  ထို့နောက် လုရှသည် မိုအိမ်တော်တွင် လက်ထပ်ပြီးသောအခါ လုရှနှင့်အတူ လိုက်သွားခဲ့သည်။ 

သူမသည် လုရှအ​ပေါ် အလွန်သစ္စာရှိပြီး မို့ရွှီတုန်းက သူမပြောသည်ကို ယုံကြည်ခဲ့သည်။  သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် ဖန်ယုလန်ပြောတာကိုလည်း သူမ ယုံကြည်ခဲ့သည်။  သူ့အမေမှာ ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေမရှိတာကြောင့် သူမကို တစ်ယောက်ယောက်နဲ့ လက်ထပ်စကားကြောင်းလမ်းဖို့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ 

ထို့အပြင် သူမအတိတ်ဘဝ၏ အနှစ် 20 အတွင်းနဲ့ ဤဘဝ၏ဆယ်နှစ်အတွင်း ထူးဆန်းသောအကြောင်းများကို သူမအား မည်သူမျှ မပြောခဲ့ဖူးပါ။  ခြံကြီးတစ်ခုလုံးတွင် မည်သူမျှ ထိုအကြောင်းကို ပြောဆိုရန် မဖြစ်နိုင်ပေ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now