135. ရှန်းမင် မျှော်စင်တွင် အားလုံးစုဝေကြခြင်း

654 63 2
                                    

"ဘယ်သူက မကျေနပ်တာလဲ" မို့ရွှီတုန်းက သူ့လက်ကို ပြန်ဆုပ်ကိုင်လိုက်ပြီး သူ့ကို မော့ကြည့်လိုက်တယ်။ သူက ဒီလို လွဲမှားတဲ့ စကားလုံးတွေ ဘယ်လို ပြောရက်တာလဲ.... ဒါပေမယ့် သူမ သူနဲ့ ငြင်းခုံခြင်း မပြုခဲ့ဘဲ ဆက်ပြောလိုက်သည် ။ " မင်း ဒီမှာ တို့မကျေနပ်တာ တွေ့လိုက်လို့လား "

သူသည် ဧကရာဇ်၏ အပြစ်ပေးခံရဆဲဖြစ်သော မင်းသားရှောင် ဖြစ်ပြီး သူ့ကိုယ်သူ ပြန်လည်ကောင်းမွန်လာစေရန်အတွက် မင်းသား၏ အိမ်တော်တွင် အကျယ်ချုပ်ချထားသော်လည်း ယခုအခါ သူသည် သူမနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းကို နှစ်သက်နေပြီဖြစ်သည်။ ဧကရာဇ်သာ ဒါကို သိခဲ့ရင် သူမကို ဒုက္ခအကြီးအကျယ် ရောက်စေလိမ့်မယ်။ ထို့အပြင် သူမ အပြင်မထွက်လာခင်တုန်းက  သူသည် သူ့လက်အောက်ငယ်သားများအား အမိန့်ပေး သည် ကို ကြားခဲ့ရသည် ။  သူနဲ့ ပိုတွဲလေလေ၊ သူ့မကို ပိုရှုပ်ထွေးလာလေလေပါပဲ။

ဒါက တကယ်ပဲ ရိုင်းစိုင်းပြီး လုံးဝ အသုံးမဝင်ဘူးလို့ ပြောခံရတဲ့ ရှစ်ယောက်မြောက် မင်းသားပဲလား

သူများတွေ ဖန်ယုလန်ကို ဘယ်လိုပဲ အသုံးမဝင်ဘူးလို့ထင်နေပါစေ သူမ ယုံမှာမဟုတ်ဘူး။  ကွန်ဖူးပညာကို ကျွမ်းကျင်သော အမည်းရောင်ဝတ် လူလေးယောက်က သူ့အားလုပ်ကြံသတ်ဖြတ်သော်လည်း သူက အားတောင်မစိုက်ခဲ့ဘဲ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။  သူမကို ကယ်တင်ဖို့သာမဟုတ်ရင် သူ့လက်က ထိခိုက်သွားမှာမဟုတ်ဘူး။  သူ့မှာ ကြီးမားလှတဲ့ ကိုယ်ခံပညာနဲ့ စိတ်တည်ငြိမ်တဲ့ အနေအထား ရှိတယ် ... ဒါတွေ အားလုံးက ပျင်းရိလွန်းတဲ့ အရင်က သူပုံစံနဲ့ အရမ်းကွာခြားလွန်းတယ် ။

သူအစစ်အမှန်က ဘာများလဲ။  ဒါတွေအားလုံးက သူနဲ့မတူတဲ့ အသွင်အပြင်တွေ ဖြစ်နိုင်တယ်။ အလွန်လှပပြီး ချစ်စရာကောင်းသော သူ့မျက်နှာပေါ်သို့ သူမမျက်လုံးများက စိုက်ဆင်းလာပြီး ဖန်ယုလန်ကို အလွန်တောက်ပချောမောသော ဆရာပိုင် ၊ ပိုင်ရီဟောက်မှလွဲ၍ သူနှင့်နှိုင်းယှဉ်နိုင်မည့်သူမရှိဟု သူမ တွေးလိုက်မိသည်။

သူပေးခဲ့တဲ့ ခံစားချက်က ပိုင်ရီဟောက်နဲ့ အရမ်းဆင်တူပေမယ့် ဖန်ယုလန်ရဲ့ စည်းမစောင့်တဲ့ပါးစပ်နဲ့ သူရဲ့ ဆိုးသွမ်းမှုတွေက အရမ်းအန္တရာယ်များတယ်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now