80. ဇီးပွင့်သစ်တောတွင် မင်းသားရှောင် နှင့် ထပ်မံတွေ့ဆုံသည်

989 129 2
                                    

" သခင်မလေး ကျုပ်တို့ အဲဒီကို အရင်သွားရမှာလား"

မိုရီသည် မို့ရွှီတုန်း၏ စကတ်ကို ကောက်ကိုင်ထားသည်ကို မြင်ပြီး အပြုံးဖြင့် ချဉ်းကပ်လာသည်။  မဝံ့မရဲမေးရင်း အနောက်ကမြင်းရထားပေါ်ကို သူမရဲ့အကြည့်တွေ ရောက်သွားခဲ့တယ်။ 

"အရင်သွားရအောင်။ စတုတ္ထညီမက သခင်ကို ပြောစရာရှိသေးတယ်" 

မို့ရွှီတုန်းသည် ရထားတံခါးပေါ်မှဆင်းလာပြီး သူမ၏ မျက်လုံးထောင့်များမှ အေးစက်သော ရယ်မောသံကို ဝှက်ထားရင်း မကျေမနပ်ဖြစ်ကာ ရထားတွဲကို ကြည့်လိုက်သည်။ 

လူတစ်ယောက်ကို နှိုးဆွပေးမယ့် ဆေးတွေထည့်ထားတယ်........ 

စတုတ္ထညီမ က သူ့ကို တကယ် သဘောကျတယ်။  သူမသည် မို့ရွှမ်မင်ထက် ယုတ်ညံ့မည်တော့မဟုတ်ပေ။ ထိုနှိုးဆွစေတဲ့ဆေးတွေက သိပ်များများစားစား မထည့်ထားပေမယ့် ကန့်သတ်ထားတဲ့ နေရာတစ်ခုမှာ အကြာကြီးနေတဲ့အခါ တစ်ယောက်ယောက်ကို မထိခိုက်ပဲ နေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ 

ထို့အပြင် မို့ရွှမ်ချောင်သည် စီမာလင်းရန် နှင့် ရည်ရွယ်ချက်ရှိရှိ ပရောပရည်လုပ်ခဲ့ပြီး သူမသည် လူကြီးလူကောင်းဟန်ဆောင်ခဲ့သည်။ သို့ဖြစ်၍ စီမာလင်းရန်က သူ့ဆန္ဒတွေကို ဘယ်လို တွန်းလှန်နိုင်မှာလဲ။ 

သူတို့နှစ်ယောက်သည် အမှန်ပင် ဖြစ်ပျက်ခဲ့ပြီး မကြာမီ အချိန်မရွေး ဖြစ်ပျက်သွားနိုင်မည်ဟု သူမ သံသယဝင်ခဲ့သည်။ 

မို့ရွှမ်မင်က သူမကို လုပ်ကြံချင်ပေမယ့် မို့ရွှမ်ချောင်ရဲ့ လက်ဦးမှုကို မမျှော်လင့်ထားခဲ့ပါဘူး။  အခင်းဖြစ်ပွားရာကို ကြည့်ရှုရန် မို့ရွှမ်မင်ခေါ်လာသော လူများသည် သွေးအန်လောက်အောင် ဒေါသထွက်နေမည်လားဟု သူမ တွေးမိသည်။

သူမသည် မိုရီ၏လက်ကို ဆွဲကိုင်လိုက်ပြီး သူတို့ကို လျစ်လျူရှုကာ တောထဲသို့ လှည့်ကြည့်လိုက်သည်။  သူမက တခြားဘာကိုမှ စိတ်ပူစရာ မလိုပါဘူး။

မို့ရွှမ်မင်သည် သူမ၏ဂုဏ်သိက္ခာကို ဖျက်ဆီးလို၍ ရထားပေါ်ရှိလူများ ဆင်းမလာကြောင်း သိလိုက်ရသောအခါတွင် သူမသည် အခြားတစ်ခုခုလုပ်ရန် စီစဉ်နေပေလိမ့်မည်။ မို့ရွှမ်မင်သည် လူတစ်ယောက်ကို ဖမ်းမိတဲ့အခါ သူတို့ဟာ သူတို့ကိုယ်သူတို့ ရှင်းပြရခက်လောက်တဲ့အထိ အခြေအနေကို ဖန်တီးပေးတတ်သည် ။ မို့ရွှီတုန်းသည်လည်း  ထိုရလဒ်ကို မျှော်လင့်နေပြီဖြစ်သည် ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now