103. ပြန်လမ်းမရှိသော မိုဟယ်

912 98 0
                                    

"ဒီတစ်ခါ ချင်းလျံဘုရားကျောင်းကို သွားတဲ့အခါ အဘွားနဲ့ အဒေါ်ကလွဲရင် ဘယ်သူသွားဦးမှာလဲ"  မို့ရွှီတုန်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောပြီး စားပွဲပေါ်၌ သူမ၏ လက်ချောင်းများက ခေါက်နေသည် ။ 

မို့ရွှီတုန်းသည် ချင်းအိမ်တော်မှ ထွက်ခွာသွားသည့်အချိန်က သူမပုံနှင့် မတူတော့ပေ ။ သူမသည် ညည်းညူမှု နည်းပါးသော်လည်း ချမ်းသာသော မိသားစုမှ မိန်းမပျိုလေးကဲ့သို့ ငြိမ်သက်အေးဆေးသည်။ 

အစေခံများသည် မို့ရွှီတုန်း၏ ပြုံးပြုံးရွှင်ရွှင်နဲ့ အေးစက်နေတဲ့ မျက်လုံးတွေကို မော့ကြည့်လိုက်တော့ ဟန်ဆောင်ပြီး ခံ့ညားတဲ့ အမူအရာဖြစ်နေကာ သူ့နောက်က လိုက်နေတဲ့ အိမ်ဖော်တွေက သူ့ထင်မြင်ချက်တွေကို အလိုအလျောက် သိနိုင်စေတယ်။ 

“သခင်မယုက ကိုယ်လုပ်တော်ဖန်နှင့် သူမ၏မိသားစုဖြစ်တဲ့ ယုမိသားစုကိုပါ ဖိတ်ခေါ်ခိုင်းထားပါတယ် ။ ပြီးတော့ သခင်မယုက ဒုတိယသားကိုပါ ခေါ်ခဲ့ပြီး ရွှင်မြူးတဲ့ အငွေ့အသက်ကို တိုးစေချင်ပါတယ်တဲ့ " အစေခံမလေးသည် အသေးစိပ် ဖြေကြားခဲ့သည် ။ 

မို့ရွှီတုန်း မျှော်လင့်ထားသည့်အတိုင်း ၎င်းကို သခင်မကြီးချင်းမှ စီစဉ်ခဲ့ခြင်းမရှိပေ။  သို့သော် သခင်မယုသည် သူမအပေါ် အထင်ကြီးလောက်စရာမရှိခဲ့ဘဲ သူမကို ဖယ်ရှားရန် တစ်နေ့တခြားပင် ကြိုးစားခဲ့သည်။ မိုရွှီတုန်းက စူးစူးဝါးဝါးရယ်မောပြီး အကြောင်းပြချက်ကောင်းမရှိဘဲ သူမကို ဖိတ်ကြားမည်မဟုတ်ဟု တွေးလိုက်သည်။ 

ထို့အပြင် ယုစီလုံ သည်သူဖခင်၏အပြစ်တင်ခြင်းနှင့်ထုတ်ပယ်ခြင်းခံခဲ့ရပြီး ယုစီလုံ၏မိခင် သခင်မချန်အား တိုင်ကြားပေလိမ့်မည် ။

မို့ရွှီတုန်းသည် ရက်စက်သည်ဟု ဆိုထားသော သခင်ချန်ကို ယခင်က မြင်ဖူးသည်။ သခင်ချန်ကြောင့် ယုစီလုံတွင် ကိုယ်လုပ်တော်မှ ညီအကိုမောင်နှမများ မရှိကြောင်း သက်သေပြနိုင်သည်။  အရင်ဘဝက ယုစီလုံက သူမကို ပြန်မဆပ်ရသေးတဲ့  အကြွေး အများကြီးတင်ခဲ့တာ။ 

အရင်ဘဝတုန်းကလို ယုစီလုံက သူမကိုကြံစည်ချင်ရင်တော့ သူမအတွက် ပေးဆပ်ခွင့်ပေးလိုက်မယ်။  လက်ကိုင်ပုဝါကို ကိုင်ထားသည့် မို့ရွှီတုန်း၏ လက်သည် အနည်းငယ် တုန်သွားကာ မျက်လုံးကို မော့ကာ ပြောလိုက်သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now