164. ဇာတ်လမ်းကြည့်ရန် နေရာကောင်းတစ်ခု

404 49 1
                                    

"မြန်မြန်သွားရအောင် ၊ ကိုယ်တို့နောက်ကျရင် ဇာတ်ပွဲကို ကြည့်နိုင်မှာ မဟုတ်ဘူး။" ဖန်ယုလန်က သူမလက်ချောင်းတွေကို လှမ်းဆွဲလိုက်ပြီးနောက် အမှောင်ထဲမှ ရုပ်ပုံတစ်ခု ပေါ်လာခဲ့သည်။

နန်းတော်ထဲမှာလည်း ဖန်ယုလန်၏ လူတွေအများကြီး ရှိတဲ့အတွက် မို့ရွှီတုန်း အလွန် အံ့သြသွားခဲ့သည်။ ! ဖန်ယုလန်က ထူးထူးခြားခြားကို အစွမ်းထက်ပေတယ် ။

"စိတ်အေးအေးထား ၊ ကိုယ်နဲ့သာ အတူလိုက်ခဲ့ " ဖန်ယုလန်က သူမ မကြောက်ဘူးဆိုတာကို မြင်လိုက်ရတော့ သူ စိတ်ကောင်းဝင်သွားတယ်။ သူသည် သူမ၏သွယ်လျသောခါးတွင် လက်တစ်ဖက်ကို ပတ်ထားလိုက်ပြီး သူမ မအော်မိတွင် လေထဲသို့ ခုန်လိုက်သည်။ ထိုနောက် သူ၏ပျင်းရိတဲ့ ရယ်မောသံကို သူမကြားလိုက်ရသည် ။

"မကြောက်နဲ့။  ကိုယ်တို့ မကြာခင်ရောက်မှာပါ ။ ကျုပ် ပွဲကြည့်ဖို့ နေရာကောင်းတစ်ခုကို ရှာတွေ့ထားတယ် "

မို့ရွှီတုန်းသည် ရုန်းကန်ခဲ့ရသော်လည်း သူ့လက်ထဲမှ ရုန်းမထွက်နိုင်တော့ပေ။  သူတို့သည် ဆက်သွားနေတုန်းဖြစ်၍ သူမ အသံမထွက်ရဲတော့ဘူး။ သူမသည် သူ့လည်ပင်းကို မသိစိတ်က လက်နှစ်ဖက်ဖြင့်ပတ်ပြီး တစ်ချက် ခိုးကြည့်လိုက်သည်။  သူတို့အောက်က အဆောက်အဦးတွေရဲ့ ခေါင်မိုးတွေက တဟုန်ထိုး အရှိန်ပြင်းလာပြီး သူမ မျက်လုံးတွေကို ကမန်းကတန်းမှိတ်လိုက်တယ်။  သူမ၏ နှုတ်ခမ်းများ အနည်းငယ်တုန်ခါကာ တင်းတင်းကျပ်ကျပ်ကိုက်ထားလိုက်သည်။

"မကြောက်ပါနဲ့ ။ ကိုယ်တို့ မကြာခင် ရောက်တော့မယ် " ဖန်ယုလန်၏ ဆွဲဆောင်မှုရှိသော အသံသည် ပုံမှန်မဟုတ်သော နူးညံ့သိမ်မွေ့မှုနှင့်အတူ သူမ၏ နားထဲတွင် ထွက်ပေါ်လာသည် ။ သူသည် သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားသဖြင့် ငြိမ်သက်သွားသလို ခံစားလိုက်ရသည်။

ဤသည်မှာ သူမ ပြန်လည်မွေးဖွားပြီးကတည်းက ပထမဆုံး ငြိမ်သက်သွားခြင်းပင် ။ သူမသည် သူမကို စိုက်ကြည့်နေသော မျက်လုံးတစ်စုံရှိနေသည်ဟု သူမအမြဲတမ်းခံစားမိပြီး သူမသည် ထိုအရာနှင့် ပတ်သက်ပြီး သူမ တတ်နိုင်သောအရာမရှိပေ။  သူမသည် ရှေ့သို့ လှမ်း၍ တစ်ဆင့်ချင်းဆက်လျှောက်ရန်သာ ကြိုးစားနိုင်သည် ။ အမှောင်ထဲတွင် တစ်ယောက်တည်း လမ်းရှာရန် ကြိုးစားသော်လည်း အလင်းရောင် တစ်ချက်မှ မတွေ့ရပေ။  သူမ မို့ရွှမ်မင်၏ အကြံစည်များကို ဖြတ်ကျော်လာနိုင်သော်လည်း သူမက မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ဝမ်းနည်းမှုတို့ကို ခံစားနေရဆဲဖြစ်သည်။  သို့သော်လည်း သူမသည် လေနှင့်အတူ ဖန်ယုလန်၏ ပြင်းထန်သော နှလုံးခုန်သံကို နားထောင်ပြီး သူ၏ သင်းပျံ့သောရနံ့ကို ရှူရှိုက်လိုက်သောအခါတွင် သက်သာစေပြီး စိတ်ငြိမ်သက်သွားခဲ့သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now