83. မို့အိမ်တော်၏ အတွင်းရင်ပြင်တွင် ပြဿနာတက်ခြင်း

843 93 0
                                    

မို့ရွှီတုန်းသည် အနီ​ရောင်ဝတ်ဆင်ထားသောအမျိုးသမီးကို​ကြည့်​၍​ အ​ခြား​အမျိုးသမီးကို​ကြည့်​၏။ ထိုအမျိုးသမီးသည် အပြာနုရောင် ၀တ်စုံကို ၀တ်ထားပြီး ငယ်ရွယ်ပုံပေါက်သည်။  သူတို့က ကြင်နာစွာ လှုပ်ရှားပြီး မို့ရွှီတုန်းကို အတန်ငယ် စူးစမ်းစွာ ကြည့်နေသည် ။

သူမသည် အနီရောင်၀တ်ထားသော အမျိုးသမီး၏နောက်သို့ ခြေလှမ်းနှစ်လှမ်းကို လှမ်းကြည့်လိုက်သော်လည်း သူတို့ပြောသမျှကို ကြားနေရသေးသည် ။ သူမ မျက်လုံးများ မှိတ်သွားသည်။

" တို့ကိုပြောပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် သခင်မ တို့အခု အိမ်ပြန်မယ် "

မို့ရွှီတုန်းက ရှူရှိုက်ပြီး မျက်ရည်တွေကို အတင်းပြန်သိမ်းလိုက်တယ်။  သူမသည် အလွန်စိုးရိမ်နေမှန်း သိသာထင်ရှားလှသော်လည်း ဖြူစင်သော အမူအရာဖြင့် ထိုအမျိုးသမီးအား နှုတ်ဆက်စကားပြောဆိုနေဆဲဖြစ်သည်။  သူမအား လေးစားစွာ ကျေးဇူးတင်စကားဆိုပြီးနောက် မိုယုနှင့်အတူ ထွက်ခွာသွားခဲ့သည်။ 

စိုးရိမ်နေပုံရသော်လည်း သူမ၏ စိတ်နေသဘောထားသည် ကြင်နာတတ်သော မြင့်မြတ်သောမိန်းမနှင့်တူသည်။  တတိယမြောက်သခင်မလေး မိုသည် သူမနှင့်ပတ်သက်သည့် ကောလဟာလများနှင့် အလွန်ကွဲပြားသည်။ 

“ဒီတတိယမြောက်သခင်မလေးမိုကတော့ သူမရဲ့ ကောလဟာလတွေနဲ့ လုံးဝကို ကွဲပြားနေတယ် ။ သူမဟာ မြင့်မြတ်တဲ့ မိန်းမပျိုတစ်ယောက်အနေနဲ့ သူမရဲ့ ပုံရိပ်ကို ထိန်းသိမ်းထားဆဲပါပဲ၊ သူမဟာ ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ပါဘူး၊သူမက တကယ့်ကို  ရှားပါးတဲ့သူပဲ ၊ သူမကို ကြည့်ပါဦး ၊ သူမက တခြားအသေးအဖွဲ မိသားစု က သမီးတွေ နဲ့ မတူဘူး ။ သူမ က အင်အားကြီးတဲ့မိသားစု က မိန်းမနဲ့ပိုတူ တယ် ။"

သူမသည် အသက် 24 သို့မဟုတ် 25 လောက်ရှိပြီး သူမ၏မျက်လုံးများသည် အနီရောင်ဝတ်ထားသည့် အမျိုးသမီး ကြည့်နေသည့်လမ်းကြောင်းအတိုင်း လိုက်သွားခဲ့သည်။  သူမသည် မို့ရွှီတုန်းနောက်ပြန်ဆုတ်သွားသည်ကိုကြည့်ကာ ပြုံးလိုက်သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now