140. အဖေနဲ့သမီးကြားက အချိုးအကွေ့

529 53 2
                                    

မို့ဟွာဝမ်က သူ မစားချင်ဘူးဟု ပြောတော့မည့်အချိန်မှာ သူ့စကားတွေကို မျိုချလိုက်ပြီး သူ့လက်ကို စားပွဲပေါ်ကနေ ဖယ်လိုက်တယ်။  သူသည် သူမကို ပေါ့ပေါ့ပါးပါး ပြုံးပြကာ ခေါင်းညိတ်၍ သူမကို ဝင်ရန် လက်ဟန်ပြလိုက်သည်။ 

မို့ရွှီတုန်း၏ မျက်လုံးများတွင် ပျော်ရွှင်မှုတစ်ခု ပေါ်လာပြီး သူမသည် အားစိုက်ထုတ်ကာ စားပွဲပေါ်သို့ သေတ္တာကို ချလိုက်သည်။ မို့ဟွာဝမ်၏ စားပွဲပေါ်တွင် ပြန့်ကျဲနေသော စာအုပ်များကို ကောက်ယူရန် သူမ လှမ်းတက်လိုက်ပြီး စားပွဲဘေးရှိ စင်ပေါ်သို့ စာလိပ်အချို့ကို တင်လိုက်သည်။  အဲဒီ့မှာ မို့ဟွာဝမ် နေ့စဉ် ကိုင်တွယ်နေတဲ့  သူရဲ့ စာရွက်စာတမ်းတွေကို ထားရှိခဲ့တယ်။ 

"အဖေ ၊ အဖွားက မနေ့ညက ဒီမုန့်တွေ လာပို့ခဲ့တယ် ၊ အဖေက မနေ့ညတုန်းက အိပ်ပျော်နေတော့ သမီးက အနှောက်အယှက် မပေးချင်တော့ဘူး ၊ ဒါကြောင့် အခုမှပဲ အပူပေးလိုက်တာ ၊ ဒါကို ယာဂုနဲ့ တွဲစားရင် အရမ်းစားလို့ကောင်းတာ ၊ ဖေဖေ သမီး လုပ်ထားတဲ့ ယာဂုကို မြည်းစမ်းကြည့်ပါဦး ၊ သမီး ကြိုးစားအားထုတ်မှုကို အချည်းနှီးမဖြစ်စေနဲ့နော် "

မို့ရွှီတုန်းသည် အဝေးမှ ထုတ်ဖော်ပြောဆိုနေသော်လည်း မို့ဟွာဝမ်သည် သူ့အနားတွင်ရှိနေခြင်းကို စိတ်မဝင်စားကြောင်း သူမမြင်လိုက်သောအခါတွင် မို့ရွှီတုန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။  သူမ သေတ္တာကိုဖွင့်ပြီး အဆာပြေ ဟင်းပွဲလေးတွေ ပြင်လိုက်တယ်။

မို့ဟွာဝမ်ရဲ့ အကြိုက်ဆုံး ဘဲအကြွပ်ကြော်၊ ကြာပန်းအချိုမုန့်၊ ငါးမူးသား၊ သခွားသီး ငံပြာရည်စိမ် ၊ တို့ဟူးအေး... နဲ့ အရသာရှိတဲ့ ဂျုံယာဥအိုးကြီးတစ်အိုးလည်း ရှိသေးသည် ။

မို့ရွှီတုန်းသည် မိုဟွာဝမ်အတွက် ဂျုံယာဂုပန်းကန်ကို လှမ်းယူလိုက်ပြီး သူ့ရှေ့တွင် တင်လိုက်သည်။  မို့ရွှီတုန်း သည် သူမ၏ ငြိမ်သက်မှုကို ပြန်လည်ရရှိပြီး အပြုံးဖြင့် မော့ကြည့်လိုက်သည်။  " ဖေဖေ ၊ မြည်းကြည့်ပါဦး ၊ သမီးကိုယ်တိုင် ဒီယာဂုကိုလုပ်ထားတာ "

မို့ဟွာဝမ်သည် ဂျုံယာဂုကို ငုံ့ကြည့်သောအခါ မို့ရွှိတုန်း က မျှော်လင့်တကြီး ကြည့်နေလေသည်။ ဒါ အရမ်းမပိန်သလို မထူဘူး ၊ အရမ်းမပူ သလို အရမ်းလည်းမအေးဘူး ။ ဒါက အရမ်းကိုကောင်းလေသည် ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now