177. ပိုမိုနက်ရှိုင်းသောခံစားချက်နှင့် ရှုပ်ယှက်ခတ်မှု

404 59 2
                                    

မို့ရွှိတုန်းသည် ဆင်ခြင်တုံတရားမဲစွာဖြင့် သူမသည် သူမအခန်းထဲမှာရှိနေပြီး ညဉ့်နက်နေပြီဆိုတာ သတိမထားမိဘဲသူ့အား အော်ငေါက်လိုက်သည် ။

သူမ၏ အသံသည် နာကြည်းမှု အပြည့်နှင့် ဖော်မပြနိုင်သော စိတ်ပျက်အားငယ်ခြင်းများရှိနေသည် ။

"သူတို့ တို့ကို ထပ်ခါတလဲလဲ နာကျင်အောင်ကြိုးစားနေတာ တို့ကဘာလို့ လက်ခံရမှာလဲ ၊ တို့ သူတို့ကို ပြန်မတိုက်ခိုက်နိုင်တာ ဘာကြောင့်လဲ ၊ ဒါက ရယ်စရာပဲ မဟုတ်ဘူးလား ? တို့အတွက် ကလဲ့စားချေဖို့နဲ့ သူတို့လုပ်ခဲ့တဲ့ ဒဏ်ရာတွေအတွက် ပြန်ဆပ်နိုင်မယ်လို့ တို့ထင်ခဲ့တယ်။ တို့ကိုယ်တို့ လျှော့တွက်နေတယ်လို့ မင်းမထင်ဘူးလား။  မင်းက အရာအားလုံးထက် မြင့်မြတ်ပြီး တို့လို လူတွေက ဘာလို့ ဒီလို အတွေးတွေ ရှိလာတာလဲဆိုတာ မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး "

သူမကိုယ်သူမ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပြီ သူမ၏ လက်ထဲက နာကျင်မှုကို သူမ လျစ်လျူရှုလိုက်သည်။ ထိုအရာက သူမကို အများကြီး မထိခိုက်စေခဲ့ပါဘူး။  သူမ၏ နှလုံးသားသည် ပွင့်ထွက်သွားသလို ခံစားခဲ့ရပြီး သူမ၏ ဒဏ်ရာဟောင်းများ အားလုံးကို ထုတ်ဖော်ခဲ့သည်။  သူမရဲ နှလုံးသား စုတ်ပြဲပြီး သွေးတွေနဲ့ ပြည့်နှက်နေပြီးမှ သူမအလွန် နာကျင်နေတာဖြစ်ကြောင်း သူမ သဘောပေါက်သွားသည် ။  သူမသည် ရင်တွင်းနက်ရှိုင်းသော ဝေဒနာကို ဖုံးကွယ်ထားခဲ့သည်။

သူမ၏ အမုန်းတရားသည် သူမ၏ ဆင်ခြင်တုံတရား ၊ သူမ၏အရာအားလုံး နှင့် သူမ၏ဘဝတို့ကို မေ့လျော့သွားစေရန် လုံလောက်သည်။ သူမသည် ထိုအတွက် မည်သည့်အရာကိုမဆို စွန့်လွှတ်နိုင်သည်။

သူမ ကလဲ့စားချေဖို့ ပြန်လာခဲ့တယ်။  ဒါဆို သူမ သေရင် ဘာဖြစ်သွားမလဲ။ သူမ ကလဲ့စားမချေနိုင်တော့ရင် ဘယ်လို ရှင်သန်ရမှာလဲ ။  သူမ၏ အတိတ်ဘဝက နာကျင်မှုကြောင့် သူမသည် ထိုလူနှစ်ယောက်၏ ရက်စက်ကြမ်းကြုတ်မှုကို အချိန်တိုင်း အမှတ်ရနေခဲ့သည်။ သူတို့ သူမကို လုပ်ကြံဖို့ ကြံစည်ပြီး သူမကို အကြိမ်ကြိမ် ဖျက်ဆီးဖို့ ကြိုးစားနေတာကြောင့် သူမ ဒီအတိုင်းရပ်မကြည့်နိုင်ခဲ့ပါဘူး။ သူတို့သည် သူမအား နာကျင်စွာ ချောက်ထဲမဆင်းမချင်း ၊ သူမကို သူတို့လိုချင်တဲ့လမ်းကို တွန်းပို့နေတာကို သူမ ဆက်စောင့်ကြည့်နေလို့မရပါဘူး။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now