101. လိဟွာဥယျာဉ်ရှိ မိခင်နှင့်သမီးကြားရှိ အစီအစဉ်

924 98 8
                                    

ညစာစားပြီးနောက် မို့ရွှမ်မင်သည် မို့ရွှီတုန်းနိုးလာသည်သတင်းကို ကြားလိုက်ရသည်။  သူမ ညစာစားပြီးသောအခါ ချင်ဝေ့ဥယျာဥ်မှာ ဖြစ်ပျက်ခဲ့တာတွေကို အာရုံစိုက်စုံစမ်းဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါတယ်။ 

မို့ရွှီတုန်းကနိုးလာခဲ့ပြီး လုဝမ်ယွီ နှင့် ပိုင်ရီဟောက်တို့ထွက်သွားကြောင်း သူမကြားသောအခါ သူမသည် စိတ်ဆိုးစွာဖြင့် မိုစုကို အဒေါ်ဖန်ပိုင် လိဟွာဥယျာဥ်သို့ ခေါ်ဆောင်သွားခဲ့သည်။ 

.......

မို့ဟွာဝမ်သည် အဒေါ်ဖန်က ကိုယ်ဝန်ရှိနေကြောင်း သိလိုက်သောကြောင့် အဒေါ်ဖန်၏ ချုပ်နှောင်ထားခြင်းကို သူ ပယ်ဖျက်လိုက်သည်။  အိမ်ကြီးရှိ အခြားသော မောင်းမမိဿံနှစ်ယောက်က သူမကိုတွေ့ဖို့ပစ္စည်းတွေ အများကြီး ယူလာခဲ့ကြသည် ။ သူတို့သည် သူမကို မြှောက်ပင့်ပြီး ချော့မော့ကြသည်။ ဖော်လံဖားကြသည် ။

မို့ရွှီတုန်းသည် အသက်သေခြင်းနှင့် ရှင်ခြင်းကြားတွင် ရုန်းကန်နေရ၍ သမားတော်များကလည်း ဘာမှမတတ်နိုင်ခဲ့ကြပေ ။ သူမသည် မည်သည့်အချိန်အခါမဆို သေဖို့ အလွန်နီးစပ်နေခဲ့သည် ။

စိတ်ထဲတွင် သူမ အရမ်းပျော်နေတယ် ! 

ဒီခွေးမမရှိရင် သူမဟာ အိမ်ကြီးရဲ့ သခင်မဖြစ်လိမ့်မယ်။ 

သူမ အရမ်းပျော်နေခဲ့သဖြင့် သူမသည် ညစာကိုစောစောစားပြီး ကုတင်းပေါ်လဲလျှောင်းကာ မို့ရွှီတုန်း သေဆုံးခဲ့လျှင်ဆိုသည့်အတွေးဖြင့် ပျော်ရွှင်စွာ တွေးတောနေခဲ့သည် ။ အကယ်၍ သူမသာ သေဆုံးသွားလျှင် လုရှရဲ့ ခန်းဝင်ပစ္စည်းကို သူမသာလျှင် တာဝန်ယူရပြီး ပိုင်ဆိုင်ရလိမ့်မည် ။ ထို့ကြောင့် သူမသည် အချိန်အကြာကြီး တောင့်တနေခဲ့သော ထိုအရာကို ရွေးချယ်ပိုင်ဆိုင်ရပေလိမ့်မည်။

လုရှသေဆုံးပြီးနောက် အဒေါ်ဖန်သည် မို့အိမ်တော်၏ အိမ်တွင်းခန်းကို အမှန်တကယ် တာဝန်ယူခဲ့သော်လည်း လုရှ၏ ခန်းဝင်ပစ္စည်း မပါဝင်ခဲ့ပေ။  ခန်းဝင်ပစ္စည်း အားလုံးကို မို့ဟွာဝမ်၏ ဂိုဒေါင်ငယ်တွင်သာ သော့ခတ်ထားသည်။  ထို့နောက် မို့ဟွာဝမ်ကိုယ်တိုင် စီစဉ်ပေးသော မြို့တော်သို့ ပို့ဆောင်ခဲ့သည်။  အဒေါ်ဖန်က အဲဒါကို ထိဖို့ အခွင့်အရေးတောင် မရှိခဲ့ဘူး ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now