176 . အမှိုက်စုံတွဲ

300 37 1
                                    

သေခြင်းတရားက သူမဆီ မလာခဲ့ပေ ။ လေထဲသို့ တိုးဝင်သွားသော သူမ၏ ခန္ဓာကိုယ်သည် နှေးကွေးသွားခဲ့ကာ ချောမောပြီး အပြစ်အနာအဆာကင်းသော မျက်နှာသည် မို့ရွှီတုန်ရှေ့တွင် ပေါ်လာခဲ့သည်။ သူ၏အလွန်ချောမောသော မျက်နှာပေါ်တွင် ရိုင်းစိုင်းသော အပြုံးတစ်ခု ရှိသင့်ပေမယ့် ယခုအချိန်တွင် သူ၏မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်နေသည်။  သူ၏ချောမောသောမျက်နှာသည် အေးခဲအေးစက်နေပြီး သူ့မျက်လုံးများတွင် နှင်းခဲများရှိနေပုံရသည်။  တစ်ယောက်ယောက်က သူ့ကိုကြည့်ရင်း အေးစက်သွားသလို ခံစားလိုက်ရလိမ့်မည် ။

ဒါက အဆူယာလိုလူမျိုးပင်?? ( အဆူယာဆိုတာ အိန္ဒိယဒဏ္ဍာရီက မကောင်းမှုပြုလေ့ရှိတဲ့ နတ်ဗြဟ္မာလူတန်းစား၏ အဖွဲ့ဝင်တစ်ဦးကို ဆိုလိုတယ်နော်) အဆူယာသည် ဒဏ္ဍာရီများတွင် ပြေပြစ်ပြီး အလွန်လှပသည်။ စစ်မြေပြင်မှာ အဆူယာရဲ့ သတ်ဖြတ်မှုဟာ သွေးစိမ်နေတယ်ဆိုရင်တောင်မှပေါ့်...

ထို အာဆူယာသည် အားကြီးပြီး ခြိမ်းခြောက်နိုင်ကာ သူမကို စားချင်သလို ပြင်းပြင်းထန်ထန် ကြည့်နေသည်။

သို့သော် မို့ရွှီတုန်းသည် လုံးဝကြောက်လန့်ခြင်းမရှိပေ။ သူ့ကိုမြင်လိုက်ရသောအခါ သူမသည် ယခင်ကထက် ပို၍ ပေါ့ပါးလာကာ သူမ၏ နှုတ်ခမ်းများသည် ဖြေလျော့ကာ သက်တောင့်သက်သာရှိသော အပြုံးကို ထုတ်ဖော်ခဲ့သည်။  ချွန်ထက်သော ကြွေထည်များကို သူမလက်ထဲတွင် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားရမှ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူမ စကားပြောချင်သော်လည်း လုံးဝမလှုပ်နိုင်တော့သည်ကို သိလိုက်ရသည်။

သူမ၏ အာရုံကြောများသည် တင်းတင်းကျပ်ကျပ် ဒဏ်ရာရပြီး အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေတွင် ရှိနေသည်။ ဖန်ယုလန်ချဉ်းကပ်လာသည်ကို သူမမြင်လိုက်ရပြီး အကြောင်းပြချက်တစ်ခုခုကြောင့် သူမ စိတ်ချသွားရသည်။ သူပြောတာကို သူမ မကြားနိုင်ဘဲ သူ၏ချောမောတဲ့ နှုတ်ခမ်းတွေ လှုပ်ရှားနေတာကိုပဲ မြင်နေရသည် ။  သို့သော် သူမ ဘာအသံမှ မကြားနိုင်ပေ ။
 
သူမသည် မသိစိတ်က သူ့၏မျက်လုံးထဲက ဒေါသတွေကို ပြေပျောက်အောင် ပြုလုပ်ပေးချင်နေသည် ။  သို့သော် သူမသည် သူ့လက်ကို ဆုပ်ကိုင်ရန်ပင် ခွန်အားမရှိပေ။  သူမခေါင်းက နောက်ပြန်ကျသွားပြီး လက်က ပြုတ်ကျသွားခဲ့တယ်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now