45 . ယုရန်ချန်၏ အမျက်ဒေါ်သ

1.7K 206 13
                                    

ပန်းလေးမြတ်ပွဲတော်ကို အင်ပါယာဥယျာဉ်အတွင်း၌ ကျင်းပခဲ့သည်။  လူအုပ်အများစုသည် ပွဲရှိရာသို့ထွက်သွားကြပြီဖြစ်ကောင်းဖြစ်နိုင်သည်၊

ထို့ကြောင့် ယခုချိန်တွင် တီးတိုးပြောခြင်းမျိုးမရှိတော့ပဲ တိတ်ဆိတ်ငြိမ်သက်နေသည် ။ ကျန်တာအားလုံးက ဆောင်းဦးရှုခင်းနဲ့ မေပယ်ပင်တွေရဲ့ ပွင့်လန်းတဲ့ပန်းတွေပါပဲ။  ထိုအရာက သိပ်လှပတယ်!

မေပယ်ပန်းတွေရဲ့ ရနံ့က လေထဲမှာ ပျံ့လွင့်လို့ စိတ်ကို လန်းဆန်းစေတယ်။  သူမသည် မေပယ် သစ်ပင်အောက်တွင်ရပ်ကာ အသက်ပြင်းပြင်းရှူရင်း ခေါင်းကိုမော့လိုက်သည်။ 

မွှေးပျံ့လန်းဆန်းသောရနံ့သည် သူမနှာခေါင်းထဲသို့ တိုးဝင်လာသည်။  လေထုကပင် မွှေးပျံ့လန်းဆန်းနေ၏။ 

လေပြေညှင်းတစ်ဝှေ့တွင် သစ်ပင်ပေါ်မှ ပန်းအနည်းငယ်ကြွေကျကာ လှပပြီး ကြွေထည်ဝါသော မျက်နှာပေါ်ကို ဖြတ်သန်းတိုက်ခတ်လာသည်။ 

သူမ၏မျက်နှာသည် သန့်ရှင်းပြီး အပြစ်အနာအဆာကင်းနေပြီး သူမ၏ ရှည်လျားသော မျက်တောင်များ လှုပ်ယမ်းသွားသည် ။ ပန်းပွင့်များက သူ့မျက်နှာပေါ်ကနေ ဖြည်းညှင်းစွာ လိမ့်ကျသွားပြီး  သူမ၏ ပန်းနုရောင် နှုတ်ခမ်းများ အပေါ်သို့ ညင်သာစွာ ဆွဲတင်လိုက်သည်။  သူမသည် အတော်လေး စိတ်ပျော်ရွှင်ခဲ့သည်။ 

ဒီနေ့ မို့ရွှီတုန်းကအဆင်ပြေခဲ့ပြီး  နူးညံ့ပြေပြစ်ဟန်ဆောင်တဲ့ ပထမဆုံးသခင်မလေးမို့ကတော့ ဒီနေ့မှာ လုံးဝကို အရှက်ကွဲသွားခဲ့တယ် ။  ကြင်ကြင်နာနာနဲ့ ကြင်နာတတ်တဲ့ ပထမသခင်မလေးမိုကို လူအများက သံသယဖြစ်စပြုလာပါလိမ့်မယ်။ 

မို့ရွှမ်မင်သည် ယုတ်မာသူဟု အခြားသူများ ထင်မြင်လာစေရန်အတွက် ယနေ့တွင် သူမသည် မို့ရွှမ်မင်၏ သရုပ်အမှန်ကို ထုတ်ဖော်လိုခြင်းမရှိသေးပေ ။ သို့သော် သူမ ပြတ်ပြတ်သားသား မပြောလျှင်ပင် လူတိုင်းက အဒေါ်ဖန်နှင့် မိုရွှမ်မင်ကို သံသယရှိကြလိမ့်မည်။

လူအများစိတ်ထဲတွင် အက်ကြောင်းတစ်ခု ပေါ်ပေါက်နေပြီဖြစ်သည်။ အရင်ကနဲ့တူအောင် ပြန်ပြင်ဖို့ လွယ်ကူမှာတော့မဟုတ်ဘူး ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now