184. သူတို့၏ ကိုယ်ပိုင် အစီအစဉ်

370 40 0
                                    

မို့ဟွာဝမ်သည် မို့ရွှီတုန်း၏ခြံဝင်းတွင် အကြာကြီးမနေဘဲ ထွက်ခွာသွားခဲ့သည်။  တဖက်မှာတော့ သူ သခင်မအိုကြီး နှုတ်ဆက်ရဦးမှာဖြစ်ပြီး တစ်ဖက်တွင်မူ အခြားသူများရှေ့တွင် မိုရွှီတုန်းနှင့် ရင်းနှီးမှုတစ်စုံတစ်ရာ မပြချင်သောကြောင့်ပင် ။ သူသည် မို့ရွှီတုန်းကို ကောင်းကောင်း အနားယူဖို့ ပြောပြီး သခင်မအိုကြီးရဲ့ ခြံသို့ ထွက်လာခဲ့တယ်။

လန်ချိလု နှင့် မို့ရွှမ်ရန်က မိုဟွာဝမ်အား သခင်မအိုကြီးကို နှုတ်ဆက်ရန်အတွက် မို့ဟွာဝမ်၏ နောက်သို့ လိုက်ခဲ့မည်ဟု ပြောလိုက်သည်။

သူ့အဖေရဲ့ စိတ်မရှည်မူကိုမြင်တော့ မို့ရွှီတုန်းက ပြုံးပြီး တစ်စုံတစ်ယောက်ကို တံခါးဝဆီ ခေါ်ခိုင်းခဲ့တယ်။

မိုယုသည် သူတို့ကိုကြည့်၍ နောက်လှည့်ကာ ဒေါသတကြီး ပြောလိုက်သည် ။ "သခင်မလေး ၊ ဒီသခင်မလေးလန်က သခင်နောက်ကို တောက်လျှောက်လိုက်နေတာ ရှက်စရာ ကောင်းလိုက်တာ ။ သူမက လက်မထပ်ရသေးတဲ့ မိန်းမတစ်ယောက် ပုံနဲ့မတူဘူး ။ ကျုပ်တို့အိမ်ဖော်တွေတောင် သူ့ထက်သိက္ခာပိုရှိတယ်။  " သူမသည် လန်ချိလုနဲ့ ပတ်သက်ပြီး စိတ်မသက်မသာခံစားခဲ့ရတာကြာပါပြီ။

လန်ချိလုသည် မို့ရွှီတုန်းကိုတွေ့ရန်လာသည်ဟုပြောခဲ့သော်လည်း တကယ်တော့ သူမသည် မို့ဟွာဝမ်ကိုသာ မျက်လုံးပြူးကြည့်နေခဲ့သည်။ လန်ချိလုသည် မို့ဟွာဝမ်ထမင်းရည်မသောက်သည်ကို သတိပြုမိသောအခါ သူ့ကိုစားရန် ချက်ချင်းသတိပေးခဲ့ပြီး အစာကျွေးရန်အတွက် ပန်းကန်ပြားများကိုပင် လုယူလုနီးပါးဖြစ်ခဲ့သည်။

ဒီလိုမိန်းမမျိုးကို ဘယ်သူမှ သည်းမခံနိုင်ဘူး!

"စိတ်မပူပါနဲ့ ၊ ဘာပဲဖြစ်ဖြစ် ငါ့အဖေက သူ့ကို လက်ထပ်မှာ မဟုတ်ဘူး ၊ သူမသာ အကျင့်စာရိတ္တကောင်းမွန်ရင် နှစ်သစ်ကူးပြီးတာနဲ့ သခင်မကြီးနောက်သို့လိုက်ပြီး ထွက်ခွာသွားရလိမ်မယ်။  မဟုတ်ရင်တော့ ... " မို့ရွီတုန်းက ထူးဆန်းစွာ ပြုံးပြပြီး စကားရပ်လိုက်သည်။ လန်ချိလုသည် စီမာလင်းရန် နှင့် ဆက်ဆံရေးရှိနေသည်ကို သူမ မေ့လုနီးပါးပင်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now