31. အဒေါ်ကိုအပြစ်တင်သည်

1.9K 213 2
                                    

ခြံနောက်ဘက်တွင် တစ်စုံတစ်ခု အမှန်တကယ်ဖြစ်ပျက်ခဲ့သည်။ အိမ်အကူအနည်းငယ်သည် ရှန်းယိ မလှုပ်အယှက်​ဖြစ်နေသည်ကိုသိသောအခါ စစ်ဆေးရန်သွားကြသည်။ သို့သော် တံခါးကို တွန်းဖွင့်လိုက်သောအခါတွင် လေထဲတွင် ကြိုးဆွဲချထားသည့် အဖြူရောင်ရုပ်ပုံသဏ္ဍာန်ကို တွေ့လိုက်ရသည်။

သူတို့သည် အော်ဟစ်ပြီး အပြင်ထွက်ပြေးကြတယ်။ ရဲရင့်သောအစေခံအချို့သည် ကြိုးများကို ပြန်ဖျက်ရန် လာခဲ့ကြသော်လည်း ရှန်ယိသည်အချိန်အတော်ကြာကတည်းကပင် သေဆုံးသွားခဲ့ပြီး သူမ၏ခန္ဓာကိုယ် တောင့်တင်းနေခဲ့သည် ။

မိခင်ရှုက မို့ဟွာဝမ်ကို သတင်းပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါတယ်။ မို့ရွှီတုန်း၏ ချင်ဝေ့ဥယျာဉ်အတွင်း၌ တစ်စုံတစ်ဦးသေဆုံးသွားခဲ့သည်။ ဤအိမ်အကူသည် မိုဟွာဝမ် ရှာဖွေနေသူတစ်ဦးလည်းဖြစ်သည်။ သူ့အမူအရာက ချက်ချင်းပြောင်းသွားပြီး တိတ်တိတ်လေး ထရပ်လိုက်တယ်။

"သခင်ကြီး၊ ဒါကို ရှန်းယိရဲ့ ကိုယ်ပေါ်မှာ ရှာတွေ့ခဲ့တယ်။"

အစေခံက တုန်လှုပ်ချောက်ချားစွာဖြင့် စာတစ်စောင် ပေးလိုက်သည်။ မို့ဟွာဝမ်က လေးနက်သော အမူအရာဖြင့် ဖွင့်ဟသည်။ သူဖတ်လိုက်တဲ့အခါ သူ့အမူအရာက ပိုနက်မှောင်လာတယ်။

ရှန်းယိ ​သေသွားပြီလား။ မို့ရွှီတုန်း အံ့သြသွားသည်။ ရှန်းယိသည် မိမိကိုယ်မိမိ သတ်သေခဲ့ကြောင်း သူမ မယုံခဲ့ပေ။ သူမသည် ဘေးနားရှိ မို့ရွှမ်မင် ကို စိုက်ကြည့်လိုက်သောအခါ မို့ရွှမ်မင်၏ မျက်လုံးများတွင် ကျေနပ်မှု အရိပ်အယောင်ကို တွေ့လိုက်ရသည်။

ဒါကို မို့ရွှမ်မင်လုပ်ခဲ့တာလား။ သူမရဲ့ လက်တွေက ချင်ဝေ့ဥယျာဥ်အထိတောင် ဆန့်နိုင်တယ်လား ။ သူမ တစ်ခုခု ပျောက်ဆုံးနေသလား။

"ရှန်းယိက သတ်သေသွားပြီး သူ့မိသားစုကို လာခေါ်ဖို့ အကြောင်းကြားထားလိုက်ပါ" မို့ဟွာဝမ်သည် စာကိုဖတ်ပြီး လက်ကိုဝှေ့ယမ်းကာ ကျွန်များအား ထွက်သွားရန် အမိန့်ပေးခဲ့သည်။

"ဟုတ်ကဲ့။" ကျွန်​များက ကမန်းကတန်း ထွက်​သွားတယ်​။

"အဖေ၊ ရှန်းယိက သမီးအိမ်ဝင်းထဲမှာ သတ်သေလိုက်တာ။ " မို့ရွှီတုန်းက အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now