112. ချင်းလျံဘုရားကျောင်းမှ ဇီးပွင့်များ၏ ရနံ့

766 82 0
                                    

သခင်မကြီးချင်းသည် တော်ဝင်မင်းသမီးက မို့ရွှီတုန်းအတွက် စကားပြောဆိုပေးသည်ကို မြင်သောအခါတွင် သူမ အာရုံများ တက်လာခဲ့ပြီး သူမ တစ်ခုခုလုပ်ရမယ်ဆိုတာ သိသွားခဲ့တယ် ။ သို့မဟုတ်လျှင် သူမက မင်းသမီးကို စော်ကားသလို ဖြစ်သွားလိမ်မည် ။

သူမ ယုစီလုံကို လေးလေးနက်နက် ကြည့်ပြီးတော့ တုတ်ကောက်ကို မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ရိုက်ချလိုက်တယ်။  သူမက ယုစီလုံကို စိုက်ကြည့်ရင်း ဒေါသတကြီးနဲ့ပြောတယ်

"သခင်မလေးယု ၊ ချင်းမိသားစုက မင်းကို အမြဲတမ်း ကြင်နာခဲ့ပြီး တုန်းအာက မင်းကို အစ်မတစ်ယောက်လို အမြဲတမ်း ဆက်ဆံခဲ့တယ်။ အခုတော့ ဒီလိုမျိုး မင်းဘယ်လိုလုပ်နိုင်ခဲ့တာလဲ။  တောင်ပေါ်ကို ကိုယ်တိုင်တောင် တက်ခဲ့ပြီး တုန်းအာကို စွပ်စွဲတယ် ။ မင်းက တုန်းအာကို သေတဲ့အထိ သေဒဏ်ပေးချင်နေတာလား ၊ သူ့ကို ဘယ်သူမှ မကူညီနိုင်ဘူးလို့ မင်းတကယ်ထင်နေတာလား ၊ မင်းက အရမ်း ရက်စက်လွန်းတဲ့အတွက် ဒီနေ့ကစပြီး ချင်းနှင့် ယု မိသားစုက နောက်ထပ်အဆက်အသွယ်တွေ မရှိနိုင်တော့ဘူး "  ဆိုလိုသည်မှာ သူမသည် မို့ရွှီတုန်းဘက်တွင် ရပ်တည်လိုက်ခြင်းဖြစ်သည်။ 

ထို့နောက် သခင်မကြီးချင်း သည် ဘေးတွင်ရပ်နေသော မို့ရွှီတုန်းကိုကြည့်လိုက်သည်။ မို့ရွှီတုန်း၏ပုံစံသည် မှားယွင်းစွာ စွပ်စွဲခံရသလို စိုးရိမ်တကြီး နှုတ်ခမ်းကို ကိုက်ထားသည်။  သို့သော်လည်း သူမသည် ရုန်းရင်းဆန်ခတ် မငိုဘဲ ၊ သိက္ခာရှိကာ အထီးကျန်ပြီး ဝမ်းနည်းနေပုံရသည်။ 

သခင်မကြီးချင်းသည် မို့ရွှီတုန်းအပေါ် တကယ်ပြစ်မှားမိသလို ခံစားရတယ်။ မို့ရွှီတုန်းသည် ဝမ်းနည်းနေသော်လည်း ခိုင်ခံစွာ ရပ်တည်နေသည်ကို သူမမြင်ပြီး သူမ တဆတ်ဆတ် တုန်ခါသွားသည် ။ 

သူမ မို့ရွှီတုန်းကို ပွေ့ဖက်ကာ "တုန်းအာ ၊ ကလေး၊ မင်းအတွက် ခက်ခဲစေမိပြီ။ အဲဒါက အဘွားရဲ့ အပြစ်ပါ။ အဘွားက အဖြစ်မှန် အားလုံးကို မသိလို့ မင်းကို ဒုက္ခရောက်လုနီးပါး ဖြစ်စေခဲ့တယ် ။ ဒီလူတွေက ရူးနေကြတာ ။  မင်းကို ဒီလိုမျိုး လုပ်ဖို့ သူတို့ ဘယ်လိုကြိုးစားနိုင်ရတာလဲ ။  ကံကောင်းထောက်မစွာ၊ ဒီလူဆိုးတွေက သူတို့ထိုက်တန်တဲ့အရာကို ရခဲ့တယ် "

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now