144. ဒေါ်သထွက်ဖို့ကောင်းသော သခင်လေးလိယွီမို

555 62 1
                                    

မို့ရွီတုန်းသည် ဗိုလ်ချုပ်၏ အိမ်တော်သို့ သွားပြီး နေ့လယ်စာ စားခဲ့သည်။ ရှင်းယန် မြို့စားကတော်သည် လုရှ၏ဝမ်းကွဲတော်ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ အသက်အရွယ်မှာ ရက်အနည်းငယ်သာ ကွာပြီး သူတို့အတူတူကြီးပြင်းလာခဲ့ကြတယ်။ မြို့စားကတော် ရှင်းယန်သည် မြို့စားကြီးကို အရင် လက်ထပ်ခဲ့ပြီးနောက် လုရှသည် မို့ဟွာဝမ်နှင့် လက်ထပ်ခဲ့သည်။  သူတို့နှစ်ဦးသည် ခင်ပွန်းဖြစ်သူနောက်သို့လိုက်ကာ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး လုရှဆုံးပါးသွားချိန်အထိ ထပ်မံတွေ့ဆုံခြင်း မရှိခဲ့ပေ။

ယခုအခါ မြို့စားကတော် ရှင်းယန်သည် ခင်ပွန်းဖြစ်သူနှင့်အတူ မြို့တော်သို့ ပြန်လာခဲ့ပြီး သခင်မကြီးကို နှုတ်ဆက်ရန် ဗိုလ်ချုပ်၏ အိမ်တော်သို့ သွားခဲ့သည်။ သူမသည် သခင်မကြီးဆုနဲ့ စကားများပြောပြီးနောက် မိုရွှီတုန်းသည် မြို့တော်သို့ ရောက်လာကြောင်း သူမသိလိုက်ရသည်။  ထို့ကြောင့် သူမသည် မို့ရွီတုန်းအား သူမနှင့် သိကျွမ်းရန်အတွက် အထူးတလည် ဖိတ်ကြားရန် တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သည်။ သခင်မကြီးဆုက သူ့မြေးမလေးကို တွေ့ချင်ပြီး မြို့စားကတော် ရှင်းယန်ကလည်း သူ့တူမကို တွေ့လိုကြောင်း ပြောဖို့ တစ်စုံတစ်ယောက်ထံ စကားပါးခဲ့သည် ။ သူတို့ရဲ့ စကားတွေက မိုရေလို ချဲ့ကားထားတာ မဟုတ်ပါဘူး။

"သခင်မလေး ၊ ထိုမိန်းကလေးလန်က တကယ်ပဲ ပြောင်းရွှေ့လာမှာလား။ " မိုလန်သည် မိုရွှီတုန်း၏နောက်သို့ လိုက်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 

မိုလန်သည် မို့ရွှီတုန်း၏အနားတွင် အမြဲရှိခဲ့ပြီး သခင်မကြီး၏ အကြံအစည်ကို သဘာဝကျကျသိလေသည် ။ လန်ချိလုသည် သူမ၏သခင်မကို လူအများရှေ့တွင် နှစ်သက်ကြောင်း ပြုမှုသော်လည်း နောက်ကွယ်တွင် မို့သခင်မဖြစ်လိုကာ မခိုမကပ်ဖြစ်ပြီး နူးညံ့သိမ်မွေ့ဟန်ဆောင်၍ သခင်ကြီးနှင့် ပရောပလုပ်လိုကြောင်း သဘာဝကျကျသိသည်။

သူမသည် တစ်ခါက သခင်ကြီးထံသွားပြီး ရည်ရွယ်ချက်ရှိရှိ လဲကျသွားခဲ့တယ်။  သို့သော် သခင်ကြီးသည် သူမကိုစိတ်မဝင်စားဘဲ သူမအား လဲကျရန် ခွင့်ပြုထားခဲ့သည် ။ ထိုနောက် သခင်ကြီးသည်  သူမကို မကြည့်ဘဲ ထွက်သွားခဲ့သည်။  နောက်တော့ ကိုယ်လုပ်တော်သခင်မကြီးက အပြင်းဖျားသွားတယ်။ လန်ချိလုသည် သခင်မအိုကြီးကို ပြုစုစောင့်ရှောက်ရန် အမည်ဖြင့် မို့အိမ်တော်သို့ ထပ်မံဝင်ရောက်ခဲ့သည်။  သူမသည် ဆွဲဆောင်မှုရှိစွာ ဝတ်စားဆင်ယင်ပြီး နေ့တိုင်း သခင်မအိုကြီးထံ အလည်လာခဲ့သည်။ ထိုအရာကြောင့် သခင်မလုဘေးက အစေခံတွေက ဒေါ်သအရမ်းထွက်ခဲ့ကြသည် ။

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now