23. စာအုပ်ဟောင်းရှိ မှတ်စုများ

1.9K 222 6
                                    

ယနေ့သည် တိတ်ဆိတ်သောညဖြစ်ခဲ့ပြီး ကောင်းကင်ပေါ်ရှိ လသည် လှပခဲ့သည်။  ချင်ဝေ့ ဥယျာဉ်ရှိ မီးရောင်များ ထွန်းညှိထားသည်။  မို့ရွှီတုန်း သည် ဆိုဖာကို မှီကာ မိုလန်က မနက်ဖြန် ခရီးအတွက် သူမအဝတ်အစားများ ထုပ်ပိုးနေသည်ကို စောင့်ကြည့်နေသည်။ 

အခန်းထဲတွင် အရမ်းတိတ်ဆိတ်နေပြီး ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်သံများကိုသာ ကြားနေရသည်။ ထိုအသံသည် အလွန်ပေါ့ပါးသော်လည်း ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေသည်။ 

"မမလေး ၊ ကျုပ်တို့ မနက်ဖြန် တကယ်ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်းကို သွားမှာလား။ အဒေါ်ဖန်က အထူးသဖြင့် သခင်မကြီးကို အကြောင်းပြပြီး ပြောတာဆိုတော့ တစ်ခုခုတော့ ကြံစည်နေမှာသေချာတယ် "

မိုလန်က သည်းမခံနိုင်တော့ဘဲ မို့ရွှီတုန်းကို ကို မေးလိုက်တယ်။ 

"အစ်မအကြီးဆုံးက ဒီလိုအကြောင်းပြချက်ကောင်းကို ရွေးခဲ့တာ။ တို့မသွားရင် သစ္စာမဲ့သွားလိမ့်မယ်။ ဖေဖေတောင် သဘောတူပြီးသားဆိုတော့ ဘယ်လိုမှ မသွားလို့ မရဘူး" 

မို့ရွှီတုန်းသည် တွေးတောမနေဘဲ ဆိုဖာပေါ်တွင် သူမ၏ သွယ်လျသော လက်ချောင်းရှည်များကို ပုတ်လိုက်သည်။  သူမစိတ်ထဲ ဒီရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးမီတယ် ။ 

မို့ရွှမ်မင်သည် သူမမြို့တော်သို့ ပြန်ရောက်ကတည်းက သူမလက်ထဲတွင် အကြိမ်ကြိမ် ကျရှုံးခဲ့သည်။  မို့ရွှမ်မင်နဲ့  အဒေါ်ဖန်က ဒီအရာများကို ဘယ်လို ကျေကျေနပ်နပ် လက်ခံနိုင်မှာလဲ ။ 

မို့ရွှမ်မင်နှင့် စီမာလင်းရန်တို့သည် သူမ၏ အတိတ်ဘဝတွင် မည်သည့်အချိန်က ဆုံတွေ့ခဲ့ကြသည်ကို သူမ မသိခဲ့ပါ ။ သို့သော်လည်း စီမာလင်းရန်နှင့် မို့ရွမ်မင် တို့သည် ဟိုးအရင်ကတည်းက မရှင်းမလင်းပတ်သက်ခဲ့ပြီဖြစ်ကြောင်းကို ယခုတွင် သူမ ရှင်းရှင်းလင်းလင်းမြင်နေရသည်။ 

စီမာလင်းရန်သည် တခြားသော အမျိုးကောင်းသမီးများနှင့် ခရီးထွက်သောအချိန်တွင် မို့ရွှမ်မင်ကို တစ်ချိန်က ကယ်တင်ခဲ့ဖူးသောကြောင့် စီမာလင်းရန်သည် မိုမီသားစုနှင့် ရင်းနှီးခဲ့သည်။  သူမ၏အတိတ်ဘဝတွင် မို့ရွှမ်မင်သည် မင်နိုင်ငံမြို့စား၏သား ယုရန်ချန်းကိုနှစ်သက်ခဲ့သည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now