123. ဆိုးညစ်သောသားအမိသုံးယောက်က မို့ရွှီတုန်းကိုနှင်ထုတ်သည်

599 68 0
                                    

"မို့ရွှီတုန်း မင်းဘာထပ်ပြောချင်သေးလဲ " မိုယုဖန်​က ဒေါသတကြီး စူးစူးဝါးဝါးနဲ့ ပြောပြီး "မင်းက ဒီလောက် ရက်စက်တဲ့ မိန်းမလို့ ကျုပ်မထင်ခဲ့ဘူး။ မင်းအာက မင်းကို ကောင်းကောင်း ဆက်ဆံခဲ့မိတာက မိုက်မဲတာပဲ"

ဒီနေရာ၌ ရှိနေသူအားလုံးသည် သူ့ဒေါသကြီးတာကို မြင်နေရတယ်။ တစ်ခြားသူတွေကသာ မဆွဲထားရင် သူ လာပြီး မို့ရွှီတုန်းကို တိုက်ခိုက်မှာ သေချာတယ်။

"တတိယညီမ၊ တို့မင်းကိုမယုံနိုင်ဘူး။ မင်း အဒေါ်ဖန်ကို ဘာလို့ဒုက္ခပေးခဲ့တာလဲ။ သူမ အမှားတစ်ခုခုလုပ်မိသွားရင်တောင် သူက မင်းရဲ့အကြီးပဲ ၊ မင်းဘယ်လိုတောင်ရက်စက်နိုင်ရတာလဲ..." မို့ရွှမ်မင်က စိတ်ပျက်လက်ပျက်နဲ့ နာကျင်နေပုံရပြီး မို့ရွှီတုန်းကို သနားစရာကောင်းလောက်အောင် ကြည့်နေသည်၊ မို့ရွှီတုန်းသည် ဤမျှ ရက်စက်ကြမ်းကြုတ်သော ညီမလေးဖြစ်သည်ကို သူမ မယုံနိုင်လောက်သည့်ပုံစံပင် ။

မို့ရွှီတုန်းက သူမ မျက်လုံးတွေကို ငုံ့ကြည့်ပြီး ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ စွမ်းဆောင်မှုတစ်ခုလို့ ထင်လိုက်တယ်။  ပြီးတော့ မို့ရွှီတုန်း၏မျက်လုံးထဲမှာ အေးစက်မှုတွေ ပျောက်ကွယ်သွားတယ်။

"တတိယအမ ၊ အဲဒါ တကယ် မင်းလား ။ တို့ မင်းကို ဟိုးအရင်ကတည်းက သံသယဖြစ်မိတယ်၊ အဒေါ်ဖန်ကို မင်းကလွဲလို့ ဘယ်သူမှ သိပ်မုန်းတီးတာ မရှိဘူး။" မို့ရွှမ်ချောင် ကလည်း သူမ၏စွပ်စွဲချက်ကို အာမခံပြီး စိတ်လှုပ်ရှားစွာပြောသည်။ ထိုအရာသည် အစီအစဥ်တစ်ခုဖြစ်ကြောင်း သူမသဘောပေါက်ထားပြီးဖြစ်သော်လည်း မို့ရွှီတုန်း စွတ်စွဲခံရတာမြင်ရလို့ သူမ ဝမ်းသာမီတယ်။  ဤအစီအစဉ်တွင် သူမပါဝင်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

မိုဟွာဝမ်သည် မှိုင်းညို့နေသည့်ပုံပေါက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်တည်းနေခဲ့သည်။  သူဘာတွေတွေးနေလဲ ဘယ်သူမှမသိခဲ့ဘူး။  ဒါပေမယ့် အန်တီဖန်အတွက် သူစဥ်းစားနေသည်ဟု လူတိုင်းက ယုံကြည်ခဲ့ကြတယ်။

မို့ရွှီတုန်း၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်းမရှိပေ။  သူမသည် သူမရှေ့မှာ ရပ်နေတဲ့ မိုလန်ကို တွန်းထုတ်လိုက်ပြီး ပန်းကြာပန်းကိုကောက်ကိုင်လိုက်ကာ သေသေချာချာကြည့်၍ သမားတော်ကို ပြုံးပြုံးကြီးနဲ့ မေးလိုက်သည် " သမားတော် ၊ မင်းက ဒါကို ပန်းကြာပန်းဆိုတာ သေချာလား ။"

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now