125. အဒေါ်ဖန်သည် သူမ၏ မကောင်းမှုများအတွက် ပေးဆပ်ခဲ့ပြီး သူမ၏အဆင့်အတန်းကို ဆုံးရှ

834 93 1
                                    

"မဟုတ်ဘူး သခင်ကြီး၊ အဲဒါ တို့မဟုတ်ဘူး။  တို့မသိခဲ့ဘူး ... အဲဒါက ပန်းကြာပန်းဆိုတာ တို့မသိခဲ့ဘူး ။  ခွေးမ၊ အဲဒါ မင်းတို့လက်ချက်ပဲ။  မင်းက တို့ကို ကြံစည်ထားတာ ၊  သခင်ကြီး၊ ငါတို့ကလေးအတွက် တစ်ခုခုလုပ်ပေးရမယ် ၊ ဒီခွေးမက ဒီအရာအားလုံးကို ကြံစည်ထားတာ ၊ တို့ အဲဒါကို ဘာမှမသိဘူး။  ဒီအကြောင်းကို တို့တကယ်မသိခဲ့ဘူး"

အဒေါ်ဖန်သည် တော်ဝင်သမားတော်လိ၏ စကားကိုကြားပြီး  မို့ဟွာဝမ်၏ အေးစက်ကာ ဒေါသထွက်နေသော မျက်နှာကို ကြည့်ပြီး အဒေါ်ဖန်၏ မျက်နှာသည် ဖျော့တော့ဖြစ်ကာ ထိုနေရာတွင် မထိုင်နိုင်တော့ပေ။  မို့ဟွာဝမ်က သူမကို သံသယဝင်နေမှန်း သူမသိသည်။  အမှန်တရားကို ထုတ်ဖော်နိုင်ခဲ့ရင် မို့ဟွာဝမ်က သူ့ကို ခွင့်လွတ်မှာမဟုတ်ဘူး။  ထိုအချိန်တွင် သူမသည် မို့ရွှမ်မင် ၏စကားကို နားထောင်ပြီး သူ့ကလေးကို အကြံအစည်ပြုခဲ့သည်ကို နောင်တရခဲ့သည်။

ဒါပေမယ့် အခုချိန်က နောင်တရမယ့်အချိန် မဟုတ်ပါဘူး။ အဒေါ်ဖန်သည် စိတ်ငြိမ်ငြိမ်ထားပြီး မိုဟွာဝမ်၏ ယုံကြည်မှုများကိုရရှိရန် သူမသည် စိတ်ဆင်းရဲစွာ ပြုမူရမည်ကို သိသည်။  ထို့ကြောင့် သူမသည် ရုတ်တရက် ကုတင်ပေါ်မှပြုတ်ကျကာ မို့ဟွာဝမ်ဆီသို့ တွားသွား၍ သူ့၏အင်္ကျီကို ဆွဲကာ အမြန်ခုခံပြီး ငိုယိုလိုက်သည် ။

မို့ဟွာဝမ်၏ ပင်ကိုယ်စရိုက်အရ ကလေးကို ရက်စက်ကြမ်းကြုတ်စွာ သတ်ခဲ့တယ်သူက သူမဆိုတာ သူသိရင် သူ့မဘဝတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။

အဒေါ်ဖန်သည် မို့ရွှီတုန်းကို ကြံစည်ရန် မအောင်မြင်ခဲ့သဖြင့် အပြစ်လွဲချရန်သာ ကျန်တော့သည် ။ သူမသည် ကွေ့ရိနှင့် ကွေ့ဟွာကို အလျင်အမြန်ညွှန်ပြပြီး အော်ဟစ်လိုက်သည်။

"သခင်ကြီး၊ ကျုပ်တို့မဟုတ်ဘူး..."

ကွေ့ရီ နှင့် ကွေ့ဟွာ တို့သည် အခြေအနေ မဟန်တော့မှန်းသိသော်လည်း ကိုယ်လုပ်တော်က ကလေးကိုသတ်သည်ဟု သူမတို့အားစွပ်စွဲမည်ဟု မမျှော်လင့်ထားပေ။ 

ရာဇ၀တ်မှုကျူးလွန်သူတိုင်း သေရမည် ဖြစ်သည် ။သူမတို့သည်  စွပ်စွဲမှုကို မခံနိုင်သဖြင့် မျက်နှာများ ဖြူဖျော့သွားခဲ့သည်။  သူတို့ တုန်တုန်ယင်ယင်နဲ့ သူတို့ကိုယ်သူတို့ ရှင်းပြဖို့ ကြိုးစားကြပြီး မို့ရွှမ်မင်ကို ကြည့်ကြတယ်။ အဒေါ်ဖန်နဲ့ ယှဉ်ရင် သူတို့က မို့ရွှမ်မင်ကို ပိုယုံကြည်ပြီး သူတို့ကို ကူညီဖို့ အဖြေတစ်ခု ထွက်လာလိမ့်မယ်လို့ ထင်ခဲ့တယ်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now