20 . အပေးအယူ

1.9K 236 5
                                    

ပိုင်ရီဟောက်သည် သူ့ရှေ့တွင် ချစ်စရာကောင်းသော ကောင်မလေးကို နက်မှောင်သော မျက်လုံးများဖြင့် ကြည့်နေသည်။ 

သူမ၏ ကြည်လင်သော မျက်လုံးများသည် အညစ်အကြေးများ ကင်းစင်သော ရေများကဲ့သို့ပင်။  သူမ၏ ရှည်လျားသော မျက်တောင်များ တဖျပ်ဖျပ်ခတ်ပြီး မျက်လုံးများက ငြိမ်သက်နေသည်။  သူမ၏ အပြုံးသည် တည်ငြိမ်ပြီး လှပနေခဲ့သည်။  ခပ်ခွာခွာနေပေမယ့် စိတ်ပိုင်းဖြတ်ထားတဲ့ စိတ်ဓာတ်ခိုင်မာတဲ့ မိန်းကလေး။ 
ဒါဟာ သူ အရင်က မမြင်ဖူးတဲ့ အရာပင် ။ 

နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးက သူ့ကို ဒီလိုငြိမ်သက်တဲ့ မျက်လုံးတွေနဲ့ ကြည့်မယ်လို့တောင် မတွေးဖူးဘူး။  သူမ၏မျက်လုံးများသည် နိုးနိုးကြားကြားရှိကာ ကြောက်ရွံ့နေသော်လည်း ရန်လိုခြင်းမရှိသဖြင့် ထိုလှပသောမျက်လုံးများတွင် အကူအညီမဲ့ခြင်းနှင့် ခါးသီးမှုအချို့ကို သူမြင်နေရသည်။ 

၎င်းတို့သည် နက်နဲသည်၊ တောက်ပကာ ပြတ်သားပြီး သူမ၏ ပျော့ညံ့ပြီး ချစ်စရာကောင်းသော အသွင်အပြင်နှင့် လုံးဝကွဲပြားသည်။  ဒါတောင် သူ့ဘေးနားက သူတွေကို ပိုတောင် နာကျင်စေခဲ့တယ်!  သူမသည် ဖိအားများလွန်းနေပုံရသည်။ 

သူမရဲ့ အေးဆေးတည်ငြိမ်မှုက သူမကို အသက်အရွယ်နဲ့ မတူဘဲ အသက်ရွယ်ကြီးရင့်သော သူတစ်ဦးကဲ့သို့ ရင့်ကျင့်နေသည် ။  သူမ၏ မျက်လုံးများတွင် တင်းမာမှုသည် မမြင်နိုင်လောက်အောင် ပြတ်ပြတ်သားသား မြင်နိုင်သည်။  ထိုအခိုက်အတန့်လေး၌ ဆုံးဖြတ်ချက်အသစ်တစ်ခုကို သူချမှတ်လိုက်သည် ။

"ငါက မင်းကိုဘာလို့ကူညီပေးမယ်လို့ ထင်တာလဲ? ထင်ရှားကျော်ကြားတဲ့မိသားစုတစ်ခုရဲ့သမီးက အမည်မသိလူတစ်ယောက်နဲ့ ဒီလိုချိန်းဆိုပြီး အကူအညီတောင်းတာက မင်းရဲ့ဂုဏ်သိက္ခာကို ဆိုးရွားစေလိမ့်မယ်။" ပိုင်ရီဟောက် က ညင်သာစွာပြုံးလိုက်တယ်။

"အရေးမကြီးရင် တို့က ဒုက္ခရောက်ခံပြီး သခင်လေးကို အကူညီတောင်းမှာ မဟုတ်ဘူး ။" 

မို့ရွှီတုန်းက သူ့ကို တူညီသောမျက်လုံးများဖြင့် ငြိမ်သက်စွာ ကြည့်နေသည် ။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now